ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 29, 2017
မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပကို အဓိက ထားတင်ပို့နေတဲ့ မတ်ပဲက ဒီနေ့မှာ ငွေကျပ် နှစ်သောင်းရှစ်ထောင် ကျပ် ကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ဆယ့်တစ်သိန်းလေးထောင် ပေါက်ဈေးရှိနေပါတယ်။ ၂ ရက်အတွင်း မတ်ပဲဈေးက ငါးသောင်းကျော် ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံ လည်း ဒီနေ့ မှာ တစ်တန်ကို ငွေကျပ် ခုနှစ်သိန်းငါးသောင်းသုံးထောင်ပေါက်ဈေးရှိနေပြီး ငွေကျပ် တစ်သောင်းရှစ်ထောင် ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကလည်း ဒီနေ့ မှာ ငွေကျပ် ရှစ်ဆယ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက တစ်ပိဿာ ကို ငွေကျပ် တစ်ထောင့်ရှစ်ရာ ရှစ်ဆယ့်ငါးကျပ် ရှိပါတယ်။ နှစ်ရက်အတွင်း ငွေကျပ် နှစ်ရာ နီးပါး ဈေးကျဆင်းသွားတာပါ။
နှမ်းနက် (စမုံ)
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက် (စမုံ) က တစ်အိတ်ကို ငွေကျပ် ငါးထောင် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တစ်သိန်းလေးသောင်းရှိပါတယ်။
နှမ်းညို
နှမ်းညို ကတော့ တစ်အိတ် ကို ငွေကျပ် တစ်ထောင် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တစ်အိတ်ကို ငွေကျပ် ရှစ်သောင်းလေးထောင် ပေါက်ဈေးရှိနေပါတယ်။
မြေပဲလုံးဆံနီ
မုံရွာကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံနီက တစ်ပိသာ ကို ငွေကျပ် သုံးဆယ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေး က တစ်ပိဿာ ကို တစ်ထောင့်ရှစ်ရာငါးဆယ်ကျပ် ရှိပါတယ်။
မကျည်းတောင့်
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ မကျည်းတောင့် က တစ်ပိသာကို ငါးဆယ်ကျပ် ကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက တစ်ထောင့်လေးရာရှစ်ဆယ် ရှိပါတယ်။ မကျည်းတောင့်က နေ့စဉ် ဈေးဆက်တိုက် ကျဆင်း နေပါတယ်။
ပြောင်း
လားရှိုးကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက တစ်ပိဿာ ကိုတစ်ဆယ်ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ငွေကျပ် သုံးရာ့သုံးဆယ်ကျပ် ပေါက်ဈေးရှိနေပါတယ်။
အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA