အီးယူမှ တရားဝင်နုတ်ထွက်မည့် အကြောင်းကြားစာကို ဗြိတိန်ဝန်ကြီးချုပ် လက်မှတ်ရေးထိုး

ဓာတ်ပုံ - ရိုက်တာ
ဥရောပသမဂ္ဂ (အီးယူ) ကနေ ဗြိတိန်နိုင်ငံ တရားဝင်နုတ်ထွက်မယ့် အကြောင်းကြားစာကို ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေက မတ်လ ၂၈ ရက်နေ့မှာ တရားဝင် လက်မှတ်ထိုးလိုက်ပါတယ်။ အဲ့ဒီစာကို အီးယူဆိုင်ရာ ဗြိတိန် အမြဲတန်းကိုယ်စားလှယ် တင်မ်ဘားရိုးက မတ်လ ၂၉ ရက်နေ့မှာ ဘရပ်ဆဲလ်မှာရှိတဲ့ ဥရောပသမဂ္ဂဥက္ကဋ္ဌ ဒေါ်လ်နယ်တုစ်က်ထံ လူကိုယ်တိုင် ပေးအပ်မှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ နုတ်ထွက်စာ တရားဝင်ပေးပို့လိုက်တဲ့ကိစ္စကို ဝန်ကြီးချုပ် မေက ဗြိတိန်လွှတ်တော်ထဲမှာ တရားဝင်ရှင်းပြဖို့ စီစဉ်ထားကြောင်း လန်ဒန်ကပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up