Homeမြန်မာသတင်း
ကျေးသီးမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်လိမ့်မည်ဟု ကော်မရှင်ပြော
ကျေးသီးမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်လိမ့်မည်ဟု ကော်မရှင်ပြော
DVB
·
March 29, 2017
၂၀၁၅ ခုနှစ်ထဲမှာ နယ်မြေ မအေးချမ်းလို့ ရွေးကောက်ပွဲ မလုပ်ခဲတဲ့ ကျေးသီးမြို့နယ်ထဲမှာ အခု ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်လိမ့်မယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူ တွေနဲ့ သက်ဆိုင်ရာ ကော်မရှင်တာဝန် ရှိသူတွေက ပြောပါတယ်။
ဒါပေမယ့် ဒီဒေသဟာ ဖွံ့ဖြိုးမှု တော်တော်လေး အားနည်းနေတဲ့အပြင် ကလေးငယ်တွေက အစ မြန်မာစကား မပြောတတ်တဲ့ နေရာတွေတောင်ရှိနေပါတယ်။ ပြီးတော့ ဒေသခံ အများစုကတော့ စီးပွားရေး အခြေအနေအမကောင်းလို့ ဒီကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်းစားတဲ့ အခြေအနေ သိပ်မရှိဘူးလို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံ အများစုက ပြောပါတယ်။
လက်ရှိမှာတော့ ဆက်သွယ်ရေး အခြေအနေတွေလည်း သိပ်မကောင်းပါဘူး။ ညပိုင်းဆိုရင် အပြင်ကို တယောက်တည်း မသွားဖို့ ဒေသခံတွေ ကိုယ်တိုင်က လာပြောတာတွေလည်း ရှိနေပါတယ်။
သတင်း - ကျော်ဇေယျ