မုတ္တမကွေ့အနီး သောင်ထွန်းမြေရိုင်းများအား တောင်သူများကိုပေးနိုင်ရန် ကွင်းဆင်းလေ့လာ

ရန်ကုန်တိုင်းဒေသကြီး၊ မုတ္တမပင်လယ်ကွေ့အနီးက သောင်ထွန်းမြေရိုင်းတွေကို ဥပဒေ၊ နည်းဥပဒေနဲ့အညီ တောင်သူတွေ လျှောက်ထားနိုင်ဖို့ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက မတ် ၂၈ ရက်မှာ သုံးခွမြို့နယ်ရှိ သောင်ထွန်းမြေနေရာတွေကို သွားရောက်ပြီး ကွင်းဆင်းလေ့လာခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ မုတ္တမပင်လယ်ကွေ့အနီးရှိ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်နဲ့ ခရမ်းမြို့နယ်တွေမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ခန့်က သောင်ထွန်းခဲ့တဲ့ မြေရိုင်းတွေကို အဲဒီဒေသက တောင်သူတွေ ပြန်လည်လျှောက်ထားနိုင်ဖို့ ကွင်းဆင်းလေ့လာမှုတွေ လုပ်ခဲ့တာပါ။ အဲဒီဒေသမှာ ကုမ္ပဏီတချို့က မြေဧက ရာနဲ့ချီပြီး ငါးကန်တွေ တည်ဆောက်ထားပြီး ဒေသခံတွေ ငါး၊ ပုစွန် ရှာဖွေတာတွေကို ဖမ်းဆီးအရေးယူတာကြောင့် ဒေသခံတွေကနေ ဆန္ဒပြ ကန့်ကွက်တာတွေလည်း ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up