Live
Home
မြန်မာသတင်း
လက်ပံတောင်းတောင်ဒေသခံ ၁၀၀ ဝန်းကျင် ညောင်ပင်ကြီးစခန်းရှေ့တွင် စုရုံး
DVB
·
March 28, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်းက  မိုးကြိုးပြင် ၃ ရွာ၊ တုံ၊ ဆည်တည်း စတဲ့ လက်ပံတောင်းတောင် ဒေသခံတွေက မိုးကြိုးပြင် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ဒေသခံ ၅၀ ဦးကို ပုဒ်မ ၄ ခုနဲ့ အမှုဖွင့် အရေးယူထားတယ် ဆိုတာကြောင့် လာရောက်အဖမ်းခံနေကြပါတယ်။ ဒီကိစ္စက ဆားလင်းကြီးရဲစခန်းက ဆောင်ရွက်တာဖြစ်ပြီး ညောင်ပင်ကြီးရဲစခန်းနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ စခန်းမှူး ဝင်းနိုင်ထွန်းက ဒေသခံတွေကို ပြောဆိုပါတယ်။ စခန်းဝင်ပေါက်တံခါးကို သော့ခတ်ပိတ်ထားပြီး စခန်းဝင်းအတွင်းမှာလည်း ရဲတပ်ဖွဲ့ဝင်အချို့က ယူနီဖောင်း၊ သေနတ်အပြည့်အစုံနဲ့ စောင့်ကြည့်လျက်ရှိပါတယ်။ လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီး လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီက မတ်လ ၂၅ ရက် နေ့စွဲနဲ့ အချက် ၃ချက်ပါ ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပါသေးတယ်။ သတင်း - အောင်ကိုလတ်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024