ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 28, 2017
မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပကို အဓိက ထားတင်ပို့နေတဲ့ မတ်ပဲက ဒီနေ့ ပေါက်ဈေးက တစ်တန်ကို ဆယ့် တစ်သိန်းတစ်သောင်း ရှိပြီး တစ်တန်ကို ငွေကျပ် နှစ်သောင်းသုံးထောင် ကျဆင်းသွားပါတယ်။
ပဲစင်းငုံ
ပဲစင်းကလည်း တစ်တန်ကို ငွေကျပ် တစ်သောင်းတစ်ထောင် ဈေးကျဆင်းသွားပြီး တစ်တန်ကို ဒီနေ့ ပေါက်ဈေးက ခုနှစ်သိန်းခုနှစ်သောင်းတစ်ထောင် ရှိပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ တစ်လလုံးနီးပါး ဈေးဆက်တိုက်တက်နေပေမယ့် ဒီနေ့မှာတော့ တစ်ပိဿာ ကို ခြောက်ဆယ့် ငါးကျပ် ဈေးကျဆင်းသွားပြီး တစ်ထောင့်ကိုးရာ ခြောက်ဆယ့်ငါးကျပ် ပေါက်ဈေး ရှိနေပါတယ်။
ဂျုံ
မန္တလေးကုန်စည်ဒိုင်မှာတော့ ဂျုံ က တစ်အိတ်ကို ငွေကျပ် တစ်ထောင်ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ငါးသောင်းနှစ်ထောင် ရှိပါတယ်။
နှမ်းဖြူ
နှမ်းဖြူ ကတော့ ဒီနေ့ပေါက်ဈေး က တစ်အိတ်ကို တစ်သိန်းငါးထောင် ဖြစ်ပြီး ငွေကျပ် နှစ်ထောင် ဈေးတက်လာပါတယ်။
မြေပဲလုံးဆံနီ
မုံရွာကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံနီက တစ်ပိသာ ကို နှစ်ဆယ့်ငါးကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ဈေးက တစ်ထောင့်လေးရာ ရှိပါတယ်။
မကျည်းတောင့်
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ မကျည်းတောင့်က တစ်ပိဿာ ကို တစ်ရာ့တစ်ဆယ် ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက တစ်ထောင့် ငါးရာသုံးဆယ်ရှိပါတယ်။
ရွှေသခွား
မူဆယ်ကုန်စည်ဒိုင်မှာတော့ ရွှေသခွားမွှေးသီးက တစ်တန်ကို ငွေကျပ် နှစ်သိန်းသုံးသောင်းထိ ဈေးမြင့်တက်လာပြီး ဒီနေ့ ပေါက်ဈေးက တစ်တန်ကို ရှစ်သိန်းတစ်သောင်းပေါက်ဈေးရှိနေပါတယ်။ တရုတ်ရိုးရာ ကန်တော့ပွဲ ရှိတဲ့အတွက် ဈေးမြင့်တက်လာတယ်လို့ ကုန်သည်တွေပြောပါတယ်။
အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA