ငြိမ်းချမ်းရေး ချိုးကူသံလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံ)
DVB
·
March 28, 2017
မြန်မာပြည်တဝန်း ငြိမ်းချမ်းစေဖို့အတွက် ရည်ရွယ်ပြီး ငြိမ်းချမ်းရေးလိုလားသူများကွန်ရက် (မန္တလေး) အဖွဲ့က စီစဉ်ကျင်းပတဲ့ ငြိမ်းချမ်းရေး ချိုးကူသံ လှုပ်ရှားမှုမှာ ငြိမ်းချမ်းရေးတေးသီးချင်းတွေသီဆို ကဗျာတွေရွတ်ဆိုကာ ငြိမ်းချမ်းရေးအထိမ်းမှတ် ငှက်ကလေးတွေကို လှောင်ချိုင့်ထဲကနေ ဘေးမဲ့ လွှတ်ပေးခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကို မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ ညနေခင်းက ရန်ကုန်-မန္တလေးလမ်းနဲ့ သိပ္ပံလမ်းထောင့်ရှိ ပန်းခြံမှာ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။
သတင်း၊ဓာတ်ပုံ - အောင်အောင်နိုင်