ၾသစေၾတးလ် အရှေ့မြောက်ကမ်းရိုးတန်း မုန်တိုင်းဝင်မည်၊ ဒေသခံများကို အရေးပေါ်ပြောင်းရွှေ့

သြစတြေးလျနိုင်ငံ၊ အရှေ့မြောက်ဘက် ကမ်းရိုးတန်းကို ဦးတည်ပြီး ဆိုင်ကလုံးမုန်တိုင်းတလုံး ဝင်ရောက်ဖို့ရှိတဲ့အတွက် Queenland ပြည်နယ်ဒေသခံတွေ ဒီနေ့ အရေးပေါ်နေရာပြောင်းရွှေ့မှုတွေ၊ မုန်တိုင်းကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။ Queenland ပြည်နယ် ကမ်းရိုးတန်းကို ချဉ်းကပ်လာနေတဲ့ ဆိုင်ကလုံးမုန်တိုင်း Debbie ဟာ ၁ နာရီ လေတိုက်နှုန်း မိုင် ၁၅၀ အထိတိုက်ခတ်ပြီး ကုန်တွင်း မဝင်ရောက်ခင်အချိန်အထိ မုန်တိုင်းအဆင့် ၄ သတ်မှတ်ထားပါတယ်။ Queenland ကမ်းရိုးတန်းကို မတ် ၂၈ ရက်နေ့မနက်ပိုင်းမှာ ဖြတ်ကျော် ဝင်ရောက်မယ်လို့ သြစတြေးလျ မိုးလေဝသဌာနတွေက ခန့်မှန်းထားပါတယ်။ မုန်တိုင်းဖြတ်သန်းဝင်ရောက်မယ့် လမ်းကြောင်းတလျှောက် ထိခိုက်ပျက်စီးနိုင်တဲ့ ဧရိယာဟာ မိုင် ၆၀ ကျော်တဲ့အတွက် အဲ့ဒီဒေသအတွင်း နေထိုင်သူ ၂၅၀၀၀ လောက် နေရာပြောင်းရွှေ့ကြဖို့ ပြည်နယ်အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ ဒီဆိုင်ကလုံးမုန်တိုင်းဟာ ၂၀၁၁ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်း ရစီ လောက် ပြင်းထန်နိုင်တယ်လို့ Queenland ပြည်နယ်ဝန်ကြီးချုပ်က သတိပေးထားပေမယ့်လည်း ဘေးကင်းရာကို ပြောင်းရွှေ့ကြဖို့ ငြင်းဆန်ကြတဲ့ ဒေသခံတွေလည်း ရှိပါတယ်။ ပြည်နယ်အတွင်း မြေနိမ့်ဒေသက ဒေသခံ ၂၅၀၀၀ ကျော်ကို ဘေးကင်းရာဒေသကို ချက်ချင်းပြောင်းရွှေ့ကြဖို့ မတ် ၂၇ ရက်နေ့ နှောင်းပိုင်းက တိုက်တွန်းထားပြီး ဒေသခံ ၅ ထောင်ကျော်ကတော့ ပြောင်းရွှေ့သွားကြပြီလို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up