သူရဲကောင်းဗိမာန် နေပြည်တော်တွင် ဖွင့်လှစ်
DVB
·
March 27, 2017
၇၂ နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သူရဲကောင်းဗိမာန်(နေပြည်တော်) ကို ဒီကနေ့မနက်က ဖွင့်လှစ်လိုက်ပါတယ်။
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် တရားသော စစ်ပွဲတွေကိုဆင်နွှဲရင်း အသက်ပေးလှူခဲ့ကြတဲ့ သူရဲကောင်းစစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူရဲကောင်းဗိမာန်ကို တည်ဆောက်ထားတာလို့ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှတ်တမ်းစာအုပ်မှာ ရေးသွားပါတယ်။
ဓာတ်ပုံ- ကာကွယ်ရေးဦးစီးချုပ်ရုံး