Live
Home
မေးမြန်းခန်း
အန်အယ်လ်ဒီ အနေဖြင့် နဂို မူဝါဒများကို ခေတ်နှင့်အညီ ကျင့်သုံးမည်
အေးနိုင်
·
January 10, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နဂိုရှိရင်းစွဲ မူဝါဒတွေကို ခေတ်နဲ့လျော်ညီစွာ ပြုပြင် ကိုင်စွဲသွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ [caption id="attachment_19777" align="alignleft" width="300" caption="ဦးတင်ဦး​"][/caption] တိုင်းရင်းသား၊ အမျိုးသမီးနဲ့ လူငယ်တွေကို မျိုးဆက်သစ်တွေကို ဦးဆောင်မှု အခန်းကဏ္ဍမှာ​ ​နေရာပေးထားတဲ့ အမျိုးသားဒီမိုကရေစီ​ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကို​ ​မေးမြန်းထားပါတယ်။ ပါတီရဲ့ မူဝါဒတွေကို ကျနော်တို့ မိတ်ဆက်ချင်ပါတယ်ဗျာ။ “တော်တော်များတယ်ဗျ၊ အခန်းကဏ္ဍတွေကို အကျယ်ကြီးပဲ။ အခန်းကဏ္ဍတွေက ကျနော်တို့ အခြေခံ အင်အားစုဖြစ်တဲ့ လယ်သမားတို့၊ အလုပ်သမားတို့၊ နောက်ပြီးတော့ ပညာရေးလောကတို့၊ ကျန်းမာရေးလောကတို့၊ လူမှုရေးလောကတို့၊ နောက် ပတ်ဝန်းကျင် အခြေအနေတို့၊​ ​နောက်ပြီးတော့မှာ ကာကွယ်ရေးတို့၊ နိုင်ငံခြားရေးတို့ စုံနေတာပဲပေါ့ဗျာ။ မူတွေကတော့ တပုံကြီးပဲပေါ့။ မူလ ကျနော်တို့ အဖွဲ့ချုပ်က ရည်မှန်းထားတဲ့အတိုင်းပဲ လွတ်လပ်ရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့​ ​ငြိမ်းချမ်းရေး အဲဒါကိုတော့ အရင်အဖွဲ့ချုပ်က ဟိုးမူလ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်က တင်တဲ့ဟာပေါ်မှာ မူတည်ပြီးတော့ အခု ၂၁ ရာစုနဲ့ လျော်ညီအောင်ပေါ့။ အဲဒါကို မှီငြမ်းပြီးတော့ ခေတ်မီအောင်ပဲ ပြန်ပြီးတော့ ရေးထားတဲ့ သဘောပါပဲ။ တဖြည်းဖြည်းကတော့ အပြောင်းအလဲ ဆိုတာကတော့ ခေတ်နဲ့လျော်ညီစွာတော့ ပြောင်းလဲမှာပေါ့ဗျာ။ “ဥပမာ အလုပ်သမားဆိုရင် အလုပ်သမားသမဂ္ဂဖွဲ့ဖို့ ဆိုပြီးတော့ ပြောလိုက်ပြီလေ။ ဒါပေမယ့် အလုပ်သမားသမဂ္ဂဖွဲ့ဖို့သာ ပြောတယ်။ သူနဲ့ ပတ်သက်တဲ့ လုပ်မယ့်ထဲက ပစ္စည်းက ပါမလာဘူးလေ။ သဘောက ဘာနဲ့တူလဲဆိုတော့ စစ်သားစကားနဲ့ ပြောရရင်တော့ အမြောက်တော့ပေးတယ် ကျည်ဆန် မပေးသေးဘူးဗျာ။ အဲဒီတော့ ဘယ်လို လုပ်မလဲ။ ကျည်ဆန်ဆိုတာက သူထဲမှာပါတဲ့ အလုပ် လုပ်ရမယ့် (act) ဥပဒေပြဌာန်းချက်တွေက သိပ်လည်း ဟောင်းနွမ်းနေပြီလေ ၁၉၂၆ ခုနှစ်က ထုတ်တာတို့၊ ၁၉၀၆ ခုနှစ်ကထုတ်တာတို့။ ဥပမာ အနည်းဆုံးလစာ ဆိုလို့ရှိရင် အခုခေတ်နဲ့ ဘယ် လျော်ညီတော့မလဲဗျ။ ဟိုတုန်းက အနည်းဆုံးလစာက တကျပ်ကျော်ကျော် နှစ်ကျပ်၊ တကျပ် တပဲ နှစ်ပဲလောက် ရတာပဲ။ နောက်ပြီးတာ့ နောက်ဆုံး အနည်းဆုံးလစာကို မဆလ ခေတ်တုန်းက ၃ ကျပ်ခွဲလား ဘာလား အဲဒီလို ဒါတွေက အခု ခေတ်မှ မမီတော့ဘဲနဲ့ ဒါတွေကို ခေတ်နဲ့ လျော်ညီအောင် သူတို့ရဲ့ နှုန်းထားတွေကို ပြင်လိုက်ပြီးတော့ အထဲက အဓိက အရေးကြီးတဲ့ဟာတွေ မပြင်ဘဲ ထားလိုက်ရင် ဒါ act (ဥပဒေပြဌာန်းချက်)တွေက ထွက်သွားတာပဲဗျ။ အဲဒီ act ထွက်သွားမှ အလုပ် လုပ်လို့ ရမှာပေါ့။ အခုဒါတွေက် မထွက်တော့ အဖွဲ့တော့ ဖွဲ့ထားတယ် ဘာနဲ့လုပ်မလဲ။ နောက်ပြီးတော့ အလုပ်ရုံ အက်ဥပဒေ၊ အလုပ်ပိုင်ရှင် အလုပ်သမားလုံခြုံရေးနဲ့ ပတ်သက်တဲ့ ဥပဒေ၊ နောက်ပြီးတော့ social welfareနဲ့ ပတ်သက်တဲ့ လူမှုဖူလုံရေးတွေ၊ အဲဒါတွေက ထွက်မှ မထွက်ဘဲနဲ့ဗျာ။ အဲဒါတွေ သူတို့ ထုတ်ပေးရမယ်။ ထုတ်မယ်ပြောတာပဲ ခုထက်ထိ မထွက်သေးဘူး။ “ဒါကြောင့်မို့လို့ အဖွဲ့တွေ ဖွဲ့ထားပြီးတော့ ဘယ်သူမှ မလုပ်နိုင်သေးဘူး လုပ်လို့ရှိရင် သူတို့တွေ လျောက်လွှာတင်ပြီး လုပ်လည်း ဘာအတွက် လုပ်မှာလဲ။ ရိုးရိုးတန်းတန်း ကျနော်တို့က အလုပ်သမားတွေနဲ့ ပတ်သက်လို့ အလုပ်သမားတွေက အဝတ်အစားတွေနဲ့ ပတ်သက်လို့ အထည်ချုပ် စက်ရုံက မကျေနပ်ဘူးဆိုတော့ သူတို့ အလုပ်ရှင်က ညှိပြီးတော့ အစိုးရနဲ့ ညှိပြီးတော့ ပေးတဲ့ဟာပဲ ယူရတာပဲ။ ဒီလို မဟုတ်ဘူးလေ ကျနော် ပြောနေတာက အလုပ်သမားတယောက်နဲ့ ပတ်သက်လို့ နစ်နာလို့ရှိရင် ပေးရမှာပေါ့ဗျ။ အခုခေတ်နဲ့ ပတ်သက်လို့က သုံးသောင်းလား ငါးသောင်းလား ဒီလောက်ရှိမှ သူတို့က တန်ကာကျမှာပေါ့ဗျ။ အခု ပေးနေတဲ့ လစာတွေနဲ့ ပတ်သက်လို့က ဘာမှ။ လက်ဖက်ရည် တခွက်တောင်မှ ၃၀၀-၃၅၀ ဘယ်လို လုပ်မလဲ။” အာရှဘက်မှာတောင်မှပဲ ကျနော်တို့ သိပ်မတွေ့ရသေးဘူး​။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကနေပြီးတော့ ဒီ နိုင်ငံရေးအရ ဦးဆောင်မှု အခန်းကဏ္ဍမှာ အမျိုးသမီးတွေ ပါလာတယ်၊ နောက် တိုင်းရင်းသားတွေ နေရာပေးလာတယ်၊ နောက် လူငယ်တွေကို ကျနော်တို့ တွေ့ရတယ် အဲဒီတော့ ဒီလိုမျိုး လုပ်တာကလေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရည်မှန်းချက်အားဖြင့် ပြောပြပါလား။ “အဖွဲ့ချုပ်က ဒီနေ့ တရားဝင်ပေါ့နော် ကျနော်တို့ တည်ဆောက်လိုက်တယ် ဆိုတော့ အဲ့ဒီဟာနဲ့ ပတ်သက်တဲ့ အားလုံးက ဟုတ်ပါတယ်ဗျ။ နံပတ်တစ်ကတော့ တိုင်းရင်းသားတွေပဲ။ ကျနော်တို့ တိုင်းပြည်မှာ တိုင်းရင်းသားတွေ ကိစ္စနဲ့ ပတ်သက်တာ အားလုံးဟာ ကျနော်တို့ တော်တော်လေးပဲ သူတို့တွေနဲ့ ပတ်သက်တဲ့ ယုံကြည်မှုရအောင် လုပ်ရမယ်ဗျ။ နောက်ပြီးတော့မှ ကျနော်တို့ သူတို့ ကိုယ့်ဟာကို ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတယ်ဆိုတဲ့ ကိစ္စ။ နောက်ပြီးတော့မှ သူတို့က ဘာပြောပြော ဒီနိုင်ငံပိုင်တဲ့ ချမ်းသာသမျှ ဆိုတာတွေကိုတော့ မျှတခွဲဝေ ခံစားနိုင်ဖို့အတွက် သူတို့အတွက် ရသင့်ရထိုက်တဲ့ လုပ်ပိုင်ခွင့်တွေ ပေးရမှာပေါ့ဗျာ။ ဒါ ဖယ်ဒရယ်ပေါ့။ သူတို့ရဲ့ ပြည်နယ်တွေက ဘာလုပ်ပိုင်ခွင့်တွေ ရှိတယ်။ ဥပမာ ပညာရေးနဲ့ ပတ်သက်လို့၊ ကျန်းမာရေး၊ လူမှုရေး၊ နောက်ပြီးတော့ စာပေလောကနဲ့ ပတ်သက်လို့၊ ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ တပုံတခေါင်းကြီး ဒါတွေလည်း ရှိသေးတာပဲ အဲဒါတွေကိုတော့ ကျနော်တို့က နားလည်ပြီးတော့ သူတို့ကို အကျောပေးရမယ်ဗျ။ အဲဒီလိုမှ သူတို့ ယုံကြည်မှု ရမှာပေါ့။ “အခုဟာက ဒီ ၂၀၀၈ အခြေခံဥပဒေက ဖယ်ဒရယ်ပုံစံ ဆိုပေမယ့်လို့  သူတို့က ဖယ်ဒရယ်မခေါ်ဘူးဗျ။ ဖယ်ဒရယ်ခေါ်ရင် သူတို့ စိတ်ထဲမှာက ဒါဟာ အစိတ်စိတ်အမြွှာမြွှာ ခွဲဖို့ လုပ်တာပဲတဲ့။ ဖယ်ဒရယ်က အစိတ်စိတ်အမြွှာမြွှာ ခွဲဖို့မှ မဟုတ်ဘဲနဲ့ ဖယ်ဒရယ်ဟာ ပိုမိုပြီးတော့ စည်းလုံးမှု တိုင်းရင်းသားတွေ ယုံကြည်မှု ရအောင်လုပ်တဲ့ ကိစ္စပဲ။ အဲဒီတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စု စိတ်ဓာတ် ဆိုပြီးတော့ လုပ်နေတဲ့ ကိစ္စရပ် အဝဝမှာ သူတို့နဲ့ ပတ်သက်လို့ ရသင့်ရထိုက်တာတွေ ပေးရမယ်။ အခုက ဘယ်ဟုတ်မလဲ တချို့က ဒီ ဗဟိုကနေပြီးတော့ တိုက်ရိုက် သူတို့ရဲ့ ကိစ္စအဝဝတွေ ချုပ်ထိန်းနေတာ ထိန်းချုပ်ထားတာတွေ ရှိနေသေးတာ။ အခုလည်း သူတို့ တိုင်းရင်းသားပါတီတွေ အခု လွှတ်တော်ထဲပါတဲ့ လူတွေ ပြောနေတာပဲ။ ဥပမာ ရခိုင်ကဆိုရင်​ ​တော်တော်လေး ​ပြောတယ်။ ဒေါက်တာအေးမောင်တို့ ကျားဖြူကလည်း ပြောတာပဲ။ အခြား အခြားသော အဖွဲ့အစည်းတွေမှာ ရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ပြောနေတာပဲ။ “အဲဒီတော့ နံပတ်တစ်က တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရအောင် ဗိုလ်ချုပ်အောင်ဆန်း ချခဲ့စဉ်အခါတုန်းက စိတ်ဓာတ်မျိုးနဲ့ ပတ်သက်ပြီးတော့။ အဲဒါ တိုင်းရင်းသားတွေနဲ့ ပတ်သက်တာကတော့ ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေထဲမှာ ထိုက်ထိုက်တန်တန် အချိုးစားပါဝင်ဖို့ လိုတာပေါ့ဗျာ။ အဲဒီလိုပဲ အလားတူပဲ သွေးသစ်လောင်းမယ်ဆိုတော့ လူငယ်တွေကအခန်းကဏ္ဍ။ ဥပမာပေါ့ဗျာ အရင်တုန်းက ကျနော်တို့ ဒါ အဖွဲ့ချုပ်မှာ အငယ်ဆုံးနဲ့ ဒုတိယ အငယ်ဆုံးဆိုတာက အခုဟာ ၆၇ နှစ်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယ အငယ်ဆုံး။ ကျနော်ဆိုတာက ၈၅ နှစ်ဗျာ။ အဲဒီတော့ သွေးသစ်တွေ လောင်းရမှာပေါ့ဗျ။ လူသစ်တွေ ထည့်ရမှာပေါ့ ဒါကြောင့်မို့လို့ ဒီမိုကရေစီ လူငယ်ကွန်ရက် ဆိုပြီးတော့ ကွန်ရက်တွေကို အများကြီးပဲ။ အဲဒါနဲ့ ပတ်သက်လို့ လူငယ်တွေထဲကလည်းပဲ ပါဝင်ရမယ်လေ။ နောက်ပြီးတော့ အမျိုးသမီးကဏ္ဍနဲ့ ပတ်သက်လို့ ရှိရင်လည်းပဲ အခု ပြီးခဲ့တဲ့ လွှတ်တော်ထဲမှာ ကြည့်ပါလား ဘယ်နှစ်ယောက် ပါသလဲလို့။ ကျနော်တို့ ထဲမှာတော့ အမျိုးသမီးနဲ့ အမျိုးသားက ဘာပဲပြောပြော  အရေအတွက် သိပ်ကွာခြားတာ မဟုတ်ဘူးလေ။ သို့သော်လည်းပဲ သူတို့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ လုပ်နိုင်တဲ့ အခန်းကဏ္ဍ အများကြီး ရှိတယ်။ သူတို့ကိုလည်း ကျနော်တို့က တတ်နိုင်သမျှ လုပ်နိုင်ကိုင်နိုင်အောင်ဆိုပြီး ညီမျှတဲ့ မျှတတဲ့ဟာ ပေးရမှာပဲလေ။ အဓိပ္ပာယ်ကတော့ ဒီနေရာမှာ ယောက်ျား ကြီးစိုးမှု မိန်းမ ကြီးစိုးမှု ရယ်လို့ မဟုတ်ပါဘူးဗျာ။ သူတို့ ရသင့်ရထိုက်တာကို ပေးဖို့ဟာအတွက် ဒါ ကျနော်တို့ စဉ်းစားတာပါပဲ။” လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီအောင်နိုင်ရေး ဆောင်ပုဒ်က ဘာများလဲ။ “ဆောင်ပုဒ်ရယ်လို့တော့ ခုထက်ထိတော့ မထွက်သေးပါဘူး။ သို့သော်လည်းပဲ ဆောင်ပုဒ်ကတော့ အရင်ကတည်းကလည်း ကျနော်တို့ အဖွဲ့ချုပ်ရဲ့ လူရယ်လို့ ဖြစ်လာရင်တော့ လူ့ဂုဏ်သိက္ခာရှိရှိ နေရမှာပေါ့ဗျာ။ ဆိုလိုတာက ဆင်းရဲချမ်းသာမရွေး၊ ကျားမ မရွေးပေါ့။ လူသားရယ်လို့ ဖြစ်လာရင် လူ့ရဲ့ ဂုဏ်သိက္ခာ ဆိုတာကတော့ လွတ်လပ်မှု ရှိရမှာပေါ့ဗျာ။ လွတ်လပ်တယ် ဆိုတာကတော့ တရားတဲ့ လွတ်လပ်မှု ပြောတာပေါ့။ အဓိပ္ပာယ်ကတော့ဗျာ အသက်ကလေးရယ်လို့ ဖြစ်လာလို့ရှိရင် သူ့အသက်နဲ့ ပတ်သက်လို့ အသက်ရှင်ဖို့ လုံခြုံဖို့ လိုတာပေါ့လေ။ အဲဒါဆိုလို့ရင်တော့ မျှတတဲ့ တရားစီရင်ရေး၊ မျှတတဲ့ အုပ်ချုပ်ရေး ဒါလိုမှာပေါ့ဗျာ။ အဲဒီလို ပြောမယ်ဆိုရင်တော့ အကျယ်ကြီးပေါ့ဗျာ။ ဆိုလိုတာကတော့ဗျာ ကျနော်တို့က ဆောင်ပုဒ်တော့ မထုတ်ရသေးပါဘူး။ “ဒ်ါအောင်ဆန်းစုကြည်လည်း ပြောသွားသားပဲ။ တစ်ကတော့ ဒါနဲ့ ပတ်သက်လို့ လွတ်လပ်ရမှာပေါ့။ နောက်ပြီးတော့ တရားဥပဒေစိုးမိုးရေး၊ ဥပဒေစိုးမိုးရေး ဆိုတာမျိုး သူက အဓိက ပြောတယ်ဗျ။ နောက်ပြီးတော့လည်း ကျနော်တို့ ငြိမ်းချမ်းရေးပေါ့နော် ဒီလိုလည်း ပြောတာပဲ။ အဲဒီတော့ ဒီတိုင်းပြည်နဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး ရအောင် ဆိုတာကတော့။ ကျနော်တို့ ဒါ ငြိမ်းချမ်းရေး ဖြစ်နိုင်မယ့် လမ်းစကို သဘောထားကြီးကြီးနဲ့ အချင်းချင်းကတော့ တဦးနဲ့ တဦးယုံကြည်အောင်ပေါ့။ ယုံကြည်အောင်ဆိုတာက စစ်တပ်ကိုပါ ပြောနေတာဗျ ကျနော်တို့က စစ်တပ်ထဲမှာ ရှိတဲ့ လုပ်နေတဲ့ ထိပ်ဆုံးက အားလုံး အချင်းချင်း ယုံကြည်အောင်လို့ လုပ်ဖို့ လိုတာပေါ့ဗျာ။ အဲဒီတော့ အဲဒီယုံကြည်အောင်လုပ်ဖို့ ဆိုတာကလည်း ယုံကြည်အောင် လုပ်မယ့်ဟာ နှစ်ဖက်စလုံးက လုပ်ရမယ်။ “လောလောဆယ် အခြေအနေမှာတော့ အချက်အလက်တွေကတော့ ဘယ် အကုန်လုံး သဘောတူနိုင်ဦးမလဲဗျာ။ အဲဒီတော့ တူရာတူရာတွေ လုပ်မယ်။ ဥပမာ ဆိုရင် ပြည်သူလူထုတရပ်လုံးဗျာ အခုလို ဘတ်ဂျက်တွေ ကျန်းမာရေးနဲ့ ပညာရေးမှာ ဒီလောက် နည်းနေတာကို။ သူတို့ကို အထောက်ပံ့တွေ ပေးဖို့ လိုမယ်၊ နောက် ခေတ်နဲ့ညီအောင် ပညာရပ်တွေကို သင်ပေးဖို့လိုမယ်ဆိုရင် ဘယ်လို အင်အားစုကနေပြီးတော့ ငွေတွေ ဘယ်လောက် သုံးထားလဲ။ အဲဒါ လိုအပ်သလား အဲဒီဟာတွေအပေါ် မူတည်ပြီးတော့ အဲဒီဟာတွေကတော့ အများကြီး စဉ်းစားစရာ ရှိတာပေါ့ဗျာ။” အဘ ဒီ ၉၀ ရွေးကောက်ပွဲတုန်းက ဘဘဦးတင်ဦးရယ်၊​ ​နောက်ပြီးတော့​ ​ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဘဘ ဦးဝင်းတင်ရယ် သုံးယောက် စလုံးက မစုံကြဘူးနော်။ အခု စုံပြီဆိုတော့ အဘတို့ ဒီပွဲမှာ ဘယ်လိုမျှော်လင့်ပါသလဲ။ “ဒီပွဲမှာတော့ အောင်မြင်အောင် နိုင်အောင် လုပ်ရမှာပဲလေ။ ကျနော်တို့ကတော့ နိုင်အောင်ပဲ ကြိုးစားမှာပဲလေ။ အဖွဲ့စည်းတရပ် ရယ်လို့ ဖြစ်လာလို့ ဝင်ပြီဆိုတဲ့နောက်တော့ ဘာကြောင့်ဝင်သလဲ၊ အောင်နိုင်ရမယ်လို့ ရည်ရွယ်ချက် တခုတည်းနဲ့ ဝင်တာပဲ။ ဥပမာ ကျနော်ကိုမေးရင် မင်းစစ်သား ဘာအလုပ် လုပ်လဲ။ စစ်သားဘာအလုပ် လုပ်လဲဆိုရင် ရန်သူကို ကျနော် ချေမှုန်းပြီး ကျနော်တို့ တာဝန်ပေးအပ်တာကို အောင်မြင်အောင် လုပ်ဖို့ပဲရှိတယ်။ ဒီတော့ မင်းဘာဖြစ်လို့ လွှတ်တော်ထဲကို အမတ်အဖြစ် ဝင်ရွေးသလဲ နိုင်ချင်လို့ ဝင်တယ် ဒါပဲပေါ့ဗျာ။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024