လီဗာပူးအသင်းက စပိန် ရီးရဲလ်မက်ဒရစ်ကို ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရ (ရုပ်သံ)

မတ် ၂၆ ရက်နေ့က အင်္ဂလန်မှာ ယှဉ်ပြိုင်သွားတဲ့ ရန်ပုံငွေ ရှာဖွေတဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက စပိန် ရီးရဲလ်မက်ဒရစ်ကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အခုပွဲစဉ်ဟာ လီဗာပူးအသင်းရဲ့ လူမှုရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေ ရှာဖွေတဲ့ ပွဲစဉ်ဖြစ်ပြီး နှစ်ဖက်စလုံးမှာ ကစားသမားဟောင်းတွေ ပါဝင် ကစားသွားပါတာယ်။ လီဗာပူးအသင်းမှာ စတီဗင်ဂျရတ်၊ မိုက်ကယ်အိုဝင်၊ ရော်ဘီဖောင်လာတို့ ပါဝင်ပြီး ရီးရဲလ်အသင်းမှာ လူးဝစ် ဖီဂို၊ ဆီးဒေါ့တို့လို ကစားသမားတွေ ပါဝင်ကစားသွားပါတယ်။ လီဗာပူးအတွက် ဂိုးတွေကို မိုက်ကယ် အိုဝင်၊ ဂျွန် အော်ဒရစ်၊ ဖောင်လာနဲ့ စတီဗင် ဂျရတ်တို့က သွင်းယူပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် ချေပဂိုးတွေကို ကွန်ဂို၊ ဖာနန်ဒို မိုရီရန်တက်စ်နဲ့ ရူဘန်တို့က အသီးသီး သွင်းယူပါတယ်။ ပွဲသိမ်းချိန်မှာတော့ လီဗာပူးက ရီးရဲလ်ကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up