Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် အိန္ဒိယနယ်ဘက် ဆန္ဒပြခြင်းကြောင့် အသွားအလာပိတ်
DVB
·
March 27, 2017
အိန္ဒိယ-မြန်မာ နယ်စပ် အိန္ဒိဘက်အခြမ်း ဆန္ဒဖော်ထုတ်မှု ရှိနေတာကြောင့် မတ် ၂၆ ရက် မနက် ၉ နာရီခန့်က နယ်စပ်ဂိတ်တွေမှာ အသွားအလာ ပိတ်နေလို့ သိရပါတယ်။ “ပြီးခဲ့တဲ့ ၄ ရက်နေ့က နယ်စပ်ကျူးကျော် သစ်စက်တခု ဥပဒေအတိုင်း ထိန်းသိမ်းခဲ့တယ်။ ခု နှစ်နိုင်ငံ ချစ်ကြည်ရေး ဆွေးနွေးမယ့်ကိစ္စ ကျနော်တို့ဘက်က သွားတာကို အဲဒီသစ်စက် အဖမ်းခံရတဲ့ ဒေသက ဟိုဘက်နိုင်ငံ ကျနော်တို့ရောက်တော့ ဆန္ဒပြပြီး လမ်းပိတ်ထားတယ်။ ကျနော်တို့ဘက်က မပိတ်ပါဘူး” လို့ တမူးခရိုင် အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က နယ်စပ် ဟိုလင်းဖိုင်ရွာက သစ်စက်တခုကို နယ်နိမိတ် စည်းကမ်းအရ ဆောက်လုပ်ခွင့်မရှိဘဲ ဆောက်ခဲ့တာကြောင့် ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ သိရပြီး အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အိန္ဒိယဘက်မှာ ဟိုလင်းဖိုင် ဒေသခံတွေက ပိတ်ဆို့ ဆန္ဒပြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ “အိန္ဒိယဘက်မှာ ဆန္ဒပြနေတယ်။ ဘာကိစ္စလဲ မသိဘူး။ ဒါကြောင့် တမူး နန်းဖာလုံဈေးထဲ ဈေးဝယ်လာတဲ့ အိန္ဒိယဘက်နေသူတွေ ပြန်ခိုင်းတယ်။ ပြီးတော့ နှစ်နိုင်ငံ ဘယ်သူမှ မဖြတ်ရဲတော့ဘူး" လို့ တမူးနယ်စပ် နန်းဖာလုံ ဈေးသည်တဦးက ဆိုပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ မနက်ပိုင်းက အိန္ဒိဘက် ရောက်နေတဲ့သူတွေကို သွားရောက် ကြိုခဲ့ပြီး လက်ရှိ အချိန်မှာတော့ နယ်စပ်မှာ စစ်အင်အားလည်း ချထားခြင်း မရှိဘူးလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024