ကမ္ဘာ့ကာမမြို့တော် ပတ္တယားကို ပျော်ရွှင်ခြင်းဇုန်အဖြစ် ထိုင်းမိတ်ဆက် (ရုပ်သံ)


by dvburma ထိုင်းအာဏာပိုင်တွေက ကာမအခြေပြု ခရီးသွားလုပ်ငန်းကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ပတ္တယားမြို့ရဲ့ ပုံရိပ် တိုးတက် ကောင်းမွန်စေဖို့ ပျော်ရွှင်ခြင်းဇုန်ကို မတ် ၂၅ ရက်နေ့က စတင် မိတ်ဆက်လိုက်ပါတယ်။ ကမ္ဘာ့ကာမမြို့တော်၊ အကုသိုလ်မြို့ စတဲ့ နိုင်ငံတကာသတင်း ခေါင်းကြီးပိုင်းတွေနဲ့ တံဆိပ်တပ် ခံနေရတဲ့ ပတ္တယားမြို့ကို ထိုင်းစစ်အစိုးရက နာမည်အမှတ်တံဆိပ်သစ်ရဖို့ အားထုတ်နေပါတယ်။ "Happy Zone" ပျော်ရွှင်ခြင်းဇုန်စီမံကိန်းကို ပတ္တယားမြို့ရဲ့ ခြေကျင်လမ်းမှာ မိတ်ဆက်လို့ အောင်မြင်ခဲ့ရင် တခြားနေရာတွေမှာ တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။ "Happy Zone" ထဲမှာ ပိုဘေးကင်းတယ်လို့ ခံစားရအောင် စီးပွားရေး လုပ်ငန်းရှင်တွေက ဖန်တီးဖို့ လိုပြီး လုံခြုံရေး ကင်းလှည့်တာတွေ ပိုတိုး တာဝန်ချမယ်၊ လည်ပတ်သူတွေက အရေးပေါ် အခြေအနေမှာ လက်ကိုင်ဖုန်း အပလီ ကေးရှင်းကိုသုံးပြီး ရဲတွေကို ခေါ်ဆိုနိုင်မယ်လို့ ဆိုပါတယ်။ အရင်လက ပတ္တယားမြို့ထဲမှာ အရက်ဘားတွေကို နောက်ဆုံးပေါ် နှိမ်နင်းမှုတွေ ဖြစ်ခဲ့ပါတယ်။ ဘားပိုင်ရှင်တွေနဲ့ ဝန်ထမ်း အမျိုးသမီးတွေ ဒဏ်ရိုက် ခံခဲ့ရပါတယ်၊ ဖမ်းဆီးခံရမှာ စိုးရိမ်လို့ အပျော်အပါး လိုက်စားဖို့လာတဲ့ ဧည့်သည်တွေ ဟိုတယ်ထဲက မထွက်ဘဲ နေခဲ့ရတာပါ။ လမ်းဘေးဈေးသည်တွေ ဆိုင်တွေလည်း အရောင်းရ ကျဆင်းလို့ တမြို့လုံးက အဆင့်အတန်း အားလုံးမှာ ဝင်ငွေ ကျဆင်းခဲ့ပါတယ်။ ဒီအကြောင်းကို  နိုင်ငံတကာ သတင်းစာတွေက အစီရင် ခံခဲ့ကြတာပါ။ ဒါကြောင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာက ဒေါသထွက်ခဲ့ပြီး ပြုပြင်ဖို့အမိန့်ထုတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up