တရုတ်တွင် လူနေတိုက်ခန်းတွဲတခု ဓာတ်ငွေ့ပိုက်ပေါက်ကွဲပြိုကျ၊ ၅ ဦးသေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံမြောက်ပိုင်းက လူနေတိုက်ခန်းတွဲတခုမှာ မတ် ၂၅ ရက်နေ့က ဓာတ်ငွေ့ပိုက်ပေါက်ကွဲပြီး ပြိုကျခဲ့လို့ လူ ၅ ဦးသေဆုံးခဲ့ပါတယ်။ အတွင်းမွန်ဂိုလီးယားဒေသ ပေါင်းထုံမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အထပ် ၅ ထပ်ရှိတဲ့ တချို့တိုက်ခန်းတွေ ပြိုကျခဲ့ပြီး လူ ၂၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောဆိုပါတယ်။ တရုတ်အင်တာနက်လူမှုကွန်ရက်တွေမှာ ဓာတ်ငွေ့ပိုက်ပေါက်ကွဲပြိုကျမှုဖြစ်ဖြစ်ချင်း ဗွီဒီယိုကို တင်ခဲ့ကြပြီး မပြိုကျခဲ့တဲ့ တိုက်ခန်း ပြတင်းမှန်တွေ၊ လွင့်စင် ပျက်စီးခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာကို ဒေသခံမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့တွေ အမြန်ဆုံးသွားရောက်ပြီး ပြိုကျခဲ့တဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိခဲ့သူတွေကို အမြန်ဆုံး ရှာဖွေကယ်ဆယ်နိုင်ရေး ကြိုးစားခဲ့ကြပါတယ်။ ဒီဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းကို ဒေသခံအာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up