ရေးမြို့က စိန်ဖူးတော် တင်လှူပူဇော်ပွဲ (ရုပ်သံ)
DVB
·
March 26, 2017
ရေးမြို့က စိန်ဖူးတော် တင်လှူပူဇော်ပွဲ (ရုပ်သံ) by dvburma
မွန်ပြည်နယ်၊ ရေးမြို့ ရန်မျိုးအောင်ရပ်ကွက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်က သံဃာတော်တွေနဲ့ မွန်၊ ဗမာလူမျိုးတို့ ကိုးကွယ်ထားတဲ့ သမိုင်းဝင် စေတီတော်အား မတ်၂၆ ရက်နေ့ မနက် ၈ နာရီက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ အရံစေတီတော်များ ကပ်လှူပူဇော်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ စိန်ဖူးတော် တင်လှူပူဇော်ပွဲမှာ ကတိုးကျောင်းဆရာမှ ငါးပါးသီလနဲ့ ဆရာ တော်သံဃာတော်တွေအား ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပေးခဲ့ကြပြီး ဆရာတော်တွေကို အမှူးထားကာ အလှူရှင်ဒါယိကာ ဒါယိကာမတို့က စိန်ဖူးတော် ငှက်မြတ် နားတော် အရံစေတီတော်တွေကို လက်ယာ ရစ် ၃ ပတ်လှည့်လည်ပူဇော်ခဲ့ပြီး မင်္ဂလာပန်းရထားဖြင့် စိန်ဖူးတော်ဘုံအဆင့်ဆင့်ကို တင်လှူပူဇော်ခဲ့ကြတယ်လို့ သိရပါတယ်။
ကျိုက်လှိုက်ဘုရား၏ ဉာဏ်တော်အမြင့်ပေ ၄၄ တောင်ဖြစ်ပြီး စိန်ဖူးတော် ငှက်မြတ်နား တော်ရွှေကျောက်ချိန် ၂၃ ကျပ်သားကျော်ခန့်ရှိကာ စိန်ဖူးတော်တင် လှူပူဇော်ပွဲမှာ ရွှေမိုးငွေမိုးပါရွာသွန်းပေးကြပါတယ်။
ပင့်ဖိတ်သံဃာတော်တွေကို လှူဖွယ်ပစ္စည်းတွေနဲ့အတူ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိတ်သတ်တွေကို စတုဒိသာများနဲ့ ကျွေးမွေးလှူဒါန်းပြီး မင်္ဂလာဓမ္မာတေးသီချင်းအပြင် ညပိုင်းတွင် လူငယ်တွေရဲ့ ခေတ်ပေါ်တေးသီချင်း ဖျော်ဖြေရေး အစီစဉ်တွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။
နေမျိုးထွဋ် (ရေး)