နှစ်စဉ် သင်္ကြန် ၁၀ ရက်ပိတ်ပေးရန် အလုပ်သမား ၃၀၀၀ ခန့် တောင်းဆို
DVB
·
March 26, 2017
နှစ်စဉ်ဆက်တိုက် သင်္ကြန် ၁၀ ရက်ပိတ်ပေးဖို့နဲ့ အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အလုပ်သမားအဖွဲ့ချုပ်တွေနဲ့ ညှိနှိုင်းရေး စတဲ့အချက်တွေကို မြန်မာတစ်နိုင်ငံလုံးက အလုပ်သမားထောင်ချီက တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို ရန်ကုန်မြို့ရဲ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ မတ်လ ၂၆ ရက်နေ့မနက် ၉ နာရီလောက်ကစပြီး တောင်းဆို ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြတဲ့ အလုပ်သမားဦးရေကတော့ ၃ ထောင်ဝန်းကျင်လောက်ဖြစ်ပါတယ်။
သတင်း၊ဓာတ်ပုံ-ရန်နိုင်ဇော်ဝင်း