Home
ဆောင်းပါး
၂၀၁၂ ဒဂုံ​ရွှေ​အောင်လံ မြန်မာ့​ရိုး​ရာလက်​ဝှေ့​ပြိုင်ပွဲ
DVB
·
January 9, 2012
၂၀၁၂ ဒဂုံ​ရွှေ​အောင်လံ မြန်မာ့​ရိုး​ရာလက်​ဝှေ့​ပြိုင်ပွဲ​နောက်ဆုံး​နေ့​ ပွဲစဉ်​တွေကို ဇန်နဝါရီလ ၈ ရက်​နေ့​က ရန်ကုန်မြို့​ အမျိုး​သား​အား​ကစား​ပြိုင်ပွဲရုံ ၁ မှာ ကျင်း​ပ ပြုပ်လုပ်ခဲ့​ပြီး​ ​အောင်လံဆုအတွက် ဗိုလ်လုပွဲ ၄ ပွဲနဲ့​ စိန်​ခေါ်ပွဲ ၄ ပွဲ စုစု​ပေါင်း​ ပွဲစဉ် ၈ ပွဲ ပါဝင်ခဲ့​ပါတယ်။ [caption id="attachment_19752" align="alignleft" width="236" caption="ဝမ်ချိုင်းနှင့်​ ရွှေဝါထွန်း​"][/caption] ဒဂုံ​ရွှေ​အောင်လံ ဗိုလ်လုပွဲ​တွေ အ​ကြောင်း​မ​ပြောခင် ပရိသတ်အကြိုက် ​တွေ့​ခဲ့​တဲ့​ စိန်​ခေါ်ပွဲစဉ်ကို ဦး​စွာ တင်ပြလိုပါတယ်။ မြန်မာပြည် ချန်ပီယံ​ဟောင်း​တွေ ဖြစ်ကြတဲ့​ သထုံ​ရွှေဝါထွန်း​နဲ့​ ဝမ်ချိုင်း​(မြဝတီ)တို့​ရဲ့​ ပွဲစဉ်ကို ပရိတ်သတ် စိတ်ဝင်တစား​ ​စောင့်​ကြည့်​ခဲ့​ကြပြီး​ ​စောင့်​ကြည်ရကျိုး​နပ်ခဲ့​တဲ့​ ပွဲစဉ်တပွဲ ဖြစ်ခဲ့​ပါတယ်။ မြန်မာပြည် ချန်ပီယံအဖြစ် ၁၂ နှစ်တိုင် ရပ်တည်ခဲ့​သူ ​ရွှေဝါထွန်း​ဟာ အသက် ၅၀ ​ကျော်ပြီ ဆို​ပေမယ့်​ သူ့​ရဲ့​ လက်​ဝှေ့​ အရည်အ​သွေး​ မပျက်စီး​သေး​ကြောင်း​ သက်​သေပြ သွား​နိုင်ခဲ့​တယ်။ ​ရွှေဝါထွန်း​ရဲ့​ ဘယ်​ထောက် လက်သီး​ထိုး​ချက်​တွေ လှပ​သေသပ်ဆဲ ဖြစ်သလို၊​ ချုပ်ဒူး​တိုက်ချက်၊​ တံ​တောင်ရိုက်ချက်​တွေကလည်း​ မြန်မာ့​ရိုး​ရာလက်​ဝှေ့​ ဆိုတာ ဒါပါလား​လို့​ ​ငေး​ယူရ​လောက်​အောင် ပညာသား​ ပါလှပါတယ်။ တချိန်က မြန်မာ့​ရိုး​ရာလက်​ဝှေ့​ရဲ့​ အ​ကောင်း​ဆုံး​လူ ဖြစ်ခဲ့​သူ ဝမ်ချိုင်း​ကလည်း​ ငယ်မူငယ်​သွေး​ပြကာ ထိုး​လုံး​သတ်ကွက် ​ကောင်း​အချို့​ကို ပြသနိုင်ခဲ့​လို့​ ၃ ချီ ယှဉ်ပြိုင်မှူအပြီး​မှာ သ​ရေပွဲအဖြစ် ပြီး​ဆုံး​ခဲ့​တာ ဖြစ်ပါတယ်။ စိန်​ခေါ်ပွဲစဉ်များ​ ယှဉ်ပြိုင်အပြီး​ ဒုတိယတန်း​ ဒဂုံ​ရွှေ​အောင်လံ ဗိုလ်လုပွဲကို ဆက်လက် ကျင်း​ပရာမှာ ​တောင်က​လေး​ကလပ်ရဲ့​ လက်​ဝှေ့​သမား​ ​ရွှေသိန်း​အောင်က သ​ပြေညို(ဘိလပ်​မြေစက်ရုံ)ကို အမှတ်ပြတ်နဲ့​ အနိုင်ရသွား​ပါတယ်။ သ​ပြေညိုရဲ့​ ညာဝိုက်လက်သီး​ကြောင့်​ ဒုတိယအချီမှာ ​ရွှေသိန်း​အောင် အမှတ်စဉ် ​ရေတွက်ခံခဲ့​ရ​ပေမယ့်​ ကျန်အချီ​တွေမှာ လက်စဇဇွမ်း​ပြနိုင်ခဲ့​လို့​ ဒုတိယတန်း​အောင်လံရှင် အဖြစ်ထိုက်ထိုက် တန်တန် ဗိုလ်စွဲသွား​တာ ဖြစ်ပါတယ်။ အထူး​ဒဂုံ​ရွှေ​အောင်လံဗိုလ်လုပွဲ ဒီ​ခေါင်း​စဉ်​အောက်မှာ ယှဉ်ပြိုင်ခဲ့​ကြသူ​တွေက ဝင်း​ထွန်း​(မြန်မာ)နဲ့​ မာဆွတ်(အီရန်)တို့​ဖြစ်ပါတယ်။ မာဆွတ်ဟာ ထိုင်း​ဘုရင့်​ဖလား​​ ​မွေထိုင်း​ပြိုင်ပွဲရဲ့​ ချန်ပီယံတဦး​လို့​ သိရပြီး​ ပြီး​ခဲ့​တဲ့​နိုဝင်ဘာ ၄ ရက်​နေ့​က မန္တ​လေး​မြို့​မှာ စိုး​လင်း​ဦး​ကို အသာစီး​က​နေ ယှဉ်ပြိုင်နိုင်ခဲ့​လို့​ ပရိတ်သတ် စိတ်ဝင်စား​ခံရတဲ့​ လက်​ဝှေ့​သမား​ ဖြစ်ပါတယ်။ [caption id="attachment_19753" align="alignright" width="207" caption="နှာခေါင်းရိုးကျိုးသွားသည့် မာဆွတ် "][/caption] ဒါ​ပေမယ့်​ မာဆွတ်နဲ့​ ဝင်း​ထွန်း​တို့​ရဲ့​ ပွဲစဉ်ဟာ ​မျှော်လင့်​သလို ပွဲ​ကောင်း​တပွဲ မဖြစ်ခဲ့​ပါဘူး။ ပြိုင်ထိုး​ ဆိုင်ထိုး​တာမျိုး​ မရှိခဲ့​ဘဲ ချိန်ဆ​နေတာနဲ့​ပဲ အချိန်ကုန်​နေလို့​ ကြိုး​ဝိုင်း​ဒိုင်ဟာ လက်​ဝှေ့​သမား​ ၂ ဦး​လုံး​ကို အချိန်ဆွဲ မ​နေဘဲ ထိုး​ဖို့​ သတိ​ပေး​မှူ​တွေ ပြုလုပ်ခဲ့​ရပါတယ်။ စတုတ္ထ အချီမှာ နှစ်ဦး​လုံး​ထွေး​ လဲကျရာမှာ ဝင်း​ထွန်း​ရဲ့​ တံ​တောင်နဲ့​ ထိမိပြီး​ မာဆွတ် နှာ​ခေါင်း​ရိုး​ကျိုး​သွား​လို့​ ​ဆေး​ရှုံး​အဖြစ် အရှုံး​ပေး​လိုက်ရပါတယ်။ ပထမတန်း​ ဒဂုံ​ရွှေ​အောင်လံ ဗိုလ်လုပွဲမှာ​တော့​ ရုရှား​လက်​ဝှေ့​သမား​ ဆာရီ​ကော့​ဗ်ကို မြန်မာလက်​ဝှေ့​သမား​ ရန်နိုင်​အောင် မယှဉ်နိုင်​အောင်ဖြစ်ခဲ့​ပြီး​ မြန်မာ့​လက်​ဝှေ့​ သိက္ခာ ကျရတဲ့​ပွဲစဉ် ဖြစ်ခဲ့​ပါတယ်။ ဆာရီ​ကော့​ဗ်က လက်သီး​တွဲလုံး​တွေ၊​ ဒူး​တိုက်ချက်၊​ တံ​တောင်ရိုက်ချက်​တွေနဲ့​ ရန်နိုင်​အောင်ကို အထိနာ​စေခဲ့​ပြီး​ အမှတ်နဲ့​ ဆုံး​ဖြတ်ရာမှာ ဒိုင် ၅ ဦး​လုံး​ရဲ့​ အနိုင်​ပေး​မှုကို ရရှိပြီး​ ပထမတန်း​ ဒဂုံ​အောင်လံဆုကို ရယူသွား​တာ ဖြစ်ပါတယ်။ အလွတ်တန်း​ ဒဂုံ​ရွှေ​အောင်လံ ဗိုလ်လုပွဲ ၂၀၀၉ မှာ စတင်ကျင်း​ပခဲ့​တဲ့​ ဒဂုံ​ရွှေ​အောင်လံ မြန်မာ့​ရိုး​ရာလက်​ဝှေ့​ပြိုင်ပွဲမှာ ​စောငမန်း​ဟာ ၃ ကြိမ်ဆက် ဗိုလ်စွဲထား​သူ ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာလည်း​ ချန်ပီယံဘွဲကို ဆက်ထိန်း​နိုင်ခဲ့​လို့​ ၄ ထပ်ကွမ်း​ ချန်ပီယံ ဖြစ်လာပါတယ်။ ဒါ​ပေမယ့်​ မက်ဆီဒိုး​နီး​ယား​ လက်​ဝှေ့​သမား​ ဒါဗစ်နဲ့​ ယှဉ်ပြိုင်ရာမှာ ​စောငမန်း​က အမှတ်ပြတ်နဲ့​ အမှန်တကယ် အနိုင်ရသင့်​သလား​ ဆိုတာက​တော့​ ​မေး​ခွန်း​ထုတ်စရာ ဖြစ်ခဲ့​ပါတယ်။ ​စောငမန်း​ရဲ့​ လက်သီး​တွဲလုံး​အချို့​ ဒါဗစ်ကို ထိခဲ့​ပြီး​ လူချင်း​အပူး​မှာ ​စောငမန်း​ရဲ့​ ​ခေါင်း​ဆတ်မှု​တွေကလည်း​ ထိ​ရောက်မှုရှိခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ဒါဗစ်ရဲ့​ညာဝိုက်​ကြောင် ​စောငမန်း​ ဘယ်မျက်လုံး​ ပိတ်လုဖြစ်ခဲ့​တာ၊​ လူချင်း​ ပူး​သွား​တိုင်း​ ဒါဗစ်ကသာ ကိုင်​ပေါက်နိုင်ခဲ့​တာ​တွေ​ကြောင့်​ ​စောငမန်း​ အသာရတယ်လို့​ မဆိုနိုင်ပါဘူး​။ ဒါ​ပေမယ့်​ အမှတ်​ပေး​ဒိုင် ၅ ဦး​လုံး​က ​စောငမန်း​ အနိုင်အဖြစ် ဆုံး​ဖြတ်ခဲ့​ကြတာ ဖြစ်ပါတယ်။ ဒီပွဲကို လာ​ရောက်ကြည့်​ရှုခဲ့​တဲ့​ မြန်မာလက်​ဝှေ့​ ဝါသနာရှင်တဦး​က​တော့​ “​စောငမန်း​ ကို အား​လုံး​က အနိုင်​ပေး​ခဲ့​တာ အံ့​ဩစရာပါ။ မြန်မာလက်​ဝှေ့​မှာ ဖမ်း​ချုပ်ကိုင်​ပေါက်တဲ့​ သတ်ကွက်ကို ထိ​ရောက်တဲ့​ သတ်ကွက်အဖြစ် အမှတ်​ပေး​ပါတယ်။ ဒါဗစ်က ငမန်း​ကို ၃ ကြိမ်​လောက် ကိုင်​ပေါက်ခဲ့​တာ အား​လုံး​ အသိပါ။ မြန်မာလက်​ဝှေ့​သမား​တွေဟာ ဒီဒဂုံ​ရွှေ​အောင်လံပြိုင်ပွဲမှာ လက်စွမ်း​အရ နိုင်ငံခြား​သား​တွေကို အသာမရခဲ့​တာ သိသာပြီး​ မြန်မာ အမှတ်​ပေး​ဒိုင်​တွေရဲ့​ ဆုံး​ဖြတ်မှုကလည်း​ ဂုဏ်သ္ခိကာအရ အရှုံး​ပြခဲ့​တယ်လို့​ ဆိုရမှာပါ”လို့​ ဖွင့်​ဟသွား​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024