ရွှံ့ထဲနစ်ပြီး အသက်အန္တရာယ်ဖြင့် ရင်ဆိုင်နေရသည့် ဆင် ၁၁ ကောင်ကို ကယ်တင်

ကမ္ဘောဒီးယားနိုင်ငံမှာ ရွှံထဲ ၄ ရက်ကြာ နစ်မြုပ်နေပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဆင်ရိုင်း ၁၁ ကောင်ကို ကယ်ဆယ်ခဲ့တယ်လို့ ဘီတီအင်တာနက် သတင်းစာမျက်နှာမှာ မတ်လ ၂၅ ရက်နေ့က ဖော်ပြထားပါတယ်။ အရှေ့မြောက်ပိုင်း မန်ဒယ်လ်ကီရီခရိုင်မှာ ကယ်ဆယ်ခဲ့တာလို့  တောရိုင်းတိရစ္ဆာန် ပူးပေါင်းဆောင်ရွက်ရေးအဖွဲရဲ့ အရာရှိတဦးဖြစ်သူ လီဘန်က ပြောလိုက်တာပါ။ ဒီဆင်တွေကို တောထဲက သူတို့ ပုံမှန်နေတဲ့နေရာကို ပြန်ပို့မယ်လို့ ကယ်ဆယ်ရေး အဖွဲ့ကို ဦးဆောင်တဲ့ မန်ဒယ်လ်ကီရီ သဘာဝပတ်ဝန်းကျင်ဌာနရဲ့ အကြီးအကဲတစ်ဦးဖြစ်သူ ကီရိုစော့ပ်ဟိ့ခ်က ပြောပါတယ်။ ဗီယက်နမ်စစ်အတွင်းက အမေရိကန် ဗုံးဒဏ်ကြောင့် ဖြစ်သွားတဲ့ ၃ မီတာ (၁၀ ပေ) နက်တဲ့ ကျင်းကြီးထဲကို ရေဆင်းသောက်ရာကနေ ဆင်တွေ ရွှံ့ထဲနစ်နေပုံရတယ်လို့ ကီရိုစော့ပ်က ပြောပါတယ်။ အကယ်၍ရွာသားတွေက ဒီအဖြစ်ကို သတင်းမပို့ခဲ့ရင် ဆင်တွေက ရေငတ် အစာငတ်ပြီး သေဆုံးသွားနိုင်တယ်လို့လည်း ကီရိုစော့ပ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up