ဘာသာရေးပုတ်ခတ်မှုကြောင့် ထောင်ကျခဲ့သည့် စင်ကာပူလူငယ် အမေရိကန်တွင် ခိုလှုံခွင့်ရ

စင်ကာပူနိုင်ငံမှာ အင်တာနက်ပေါ် နိုင်ငံရေးနဲ့ ဘာသာရေး ပုတ်ခတ်ပြောဆိုမှုတွေကို တင်လို့ ထောင် ၂ ကြိမ် အချခံရတဲ့ စက်ကာပူ ဆယ်ကျော်သက်ဟာ မတ် ၂၅ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံခွင့်ရရှိခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် အေးမို့စ် ရီ (Amos Yee) ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ချီကာဂိုမြို့ကို အလည်အပတ်ဗီဇာနဲ့ ရောက်ရှိခဲ့ချိန်ကတည်းက ထိန်းသိမ်းခံနေခဲ့ရတာပါ။ သူ့ရဲ့ ခိုလုံခွင့်လျှောက်ထားမှုကို အမေရိကန်လုံခြုံရေး အေဂျင်စီက ငြင်းပယ်ခဲ့ပေမယ့် လူဝင်မှုဆိုင်ရာ တရားသူကြီးက သူ့ရဲ့လျှောက်ထားချက်ကို လက်ခံခဲ့တာပါ။ ရီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဘာသာရေးပုတ်ခတ်စော်ကားမှုနဲ့ ထောင်ဒဏ် သီတင်း ၆ ပတ်ချမှတ်ခံရပါတယ်။ ၂၀၁၅ ခုနှစ်ကလည်း ခရစ်ယာန်ဘာသာဝင်တွေနဲ့ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူတို့ကို ဝေဖန်ပုတ်ခတ်မှု ဗွီဒီယို YouTube ပေါ်တင်မှုနဲ့ ထောင်ဒဏ် ၁ လ ချမှတ်ခံခဲ့ရပါသေးတယ်။ လီကွမ်ယု ကွယ်လွန်ပြီး ရက်ပိုင်းအကြာမှာပဲ စင်ကာပူနိုင်ငံသားတွေဟာ လီကွမ်ယုကို ခရစ်ယာန်ဘာသာဝင်တွေက ယေရှုခရစ်တော်ကို ကိုးကွယ်သလိုပဲလို့ ခိုင်းနှိုင်းဝေဖန်ခဲ့တာပါ။ အဲ့ဒီနောက် လီကွမ်းယူနဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာတို့ကို လှောင်ပြောင်တဲ့ ကာတွန်းပုံတပုံလည်း ထပ်တင်ခဲ့လို့ ရဲကို အတိုင်ခံရသလို၊ သူ့ကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up