Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ အသိပညာပေး Mobile App မိတ်ဆက်
DVB
·
March 25, 2017
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမယ့် ဒါနရှေ့ဆောင် (မြန်မာ)က ဦးဆောင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေကို သိနိုင်ဖို့ mvoter 2017 မိုဘိုင်း အပလီကေးရှင်းတစ်ခုကို  မုံရွာမြို့မှာ ဒီကနေ့မနက်က စတင်မိတ်ဆက်လိုက်ပါတယ်။ ဒီအပလီကေးရှင်းကို မြန်မာနိုင်ငံအတွင်းရှိ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာနေရာတိုင်းမှာ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေ၊ ရွေးကောက်ပွဲကို စိတ်ဝင်စားသူတွေထံ လိုက်လံမိတ်ဆက် ရှင်းပြပေးနေတာဖြစ်ပါတယ်။ ဒီအပလီကေးရှင်းမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာဒေသ၊ ဘာကြောင့်ကျင်းပရတယ်။ ဘယ်နေရာတွေလစ်လပ်နေတယ်။ ဝင်ရောက်ယှဉ်ပြိုင်မှာ ဘယ်နှစ်ပါတီရှိတယ်။ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေးအချက်အလက် စတာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ထည့်သွင်းဖော်ပြပေးထားပြီး လွယ်ကူရှင်းလင်းစွာ ကြည့်ရှုနိုင်တယ်လို့ ဒါနရှေ့ဆောင် (မြန်မာ) အကြံပေး ဒေါ်မြင့်မြင့်ဦးက ဒီဗွီဘီကိုပြောပါတယ်။ ဒီMobile Appကို Google Play Store ကနေ Download လုပ်ပြီး လွယ်လင့်တကူ ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။ ဒီမနက် အပလီကေးရှင်းမိတ်ဆက်ပွဲကို မုံရွာမြို့က ရွေးကောက်ပွဲစောင့်ကြည့်လေ့လာကြမယ့် ချင်းတွင်းအင်စတီကျူအိုင်ပိစ်နဲ့  အခြားစိတ်ဝင်စားတဲ့ ဒေသခံတွေတက်ရောက်ခဲ့ကြပါတယ်။ ဒါနရှေ့ဆောင် (မြန်မာ) အဖွဲ့အနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း အွန်လိုင်းကတဆင့် မဲပေးနိုင်အောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်း ဆောင်ရွက်သွား မယ်လို့ လည်းပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024