Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်နှင့် အစိုးရတပ် ငြိမ်းချမ်းရေး​ ဆွေးနွေးမည်
DVB
·
January 6, 2012
ssc-rcss 4
ssc-rcss 19
ssc-rcss 12
ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် ရှမ်းပြည်နယ် တောင်ကြီးမှာ ဆွေးနွေးမယ်လို့ သိရပါတယ်။ [caption id="attachment_19716" align="alignright" width="300" caption="သိမ်းဆည်းရမိသည့်​ မူးယစ်ဆေးဝါးတချို့​"][/caption] ဇန်န၀ါရီ ၁၅ ရက်နဲ့ ၂၀ အကြား​ ​ပြည်ထောင်စုအဆင့်​ ​ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဇန်န၀ါရီ ၁ ရက်နေ့က နှစ်ဖက် သဘောတူခဲ့ကြတယ်လို့ ရှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။ “ဆွေးနွေးဖြစ်တာကတော့​ ​ပြည်ထောင်စုအဆင့်​ ​ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တရက်သတ်မှတ်ဖို့ ရှိတယ်။ နောက်ပြီးတော့ အစိုးရနဲ့အတူ မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့ ၀မ့်ပန်းပြည်သူ့စစ်စခန်းက ကျနော်တို့ အက်စ်အက်စ်အေ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို အစိုးရဆီ အပ်နှံဖို့အတွက် အဲဒီ အချက် ၂ ချက် ပါပါတယ်။” ဇန်န၀ါရီ ၁ ရက်နေ့ ​တောင်ကြီးမြို့​ ​တောင်ကြီးဟိုတယ်မှာ တွေ့ဆုံခဲ့တုန်းက အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင် အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စ၀်အောင်မြတ်၊ ရှမ်းပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးအောင်သူ စသူတို့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်​ရေး​ ​ကောင်စီဘက်က  ဗိုလ်မှူးကြီးစိုင်းလ၊ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ အစိုးရကိုယ်စားလှယ်တွေဟာ နိုဝင်ဘာ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ တကြိမ်၊ ဒီဇင်ဘာ ၂ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ တကြိမ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့က တာချီလိတ်မြို့မှာ တကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဆွေးနွေးပွဲ ဆုံးဖြတ်ချက်တွေအရ နှစ်ဖက်​ အပစ်ခတ်ရပ်စဲဖို့နဲ့ ဆက်ဆံရေးရုံးဖွင့်လှစ်ဖို့ သဘောတူခဲ့တယ်။ ဆက်ဆံရေးရုံးကို တာချီလိတ်မြို့မှာ စပြီးဖွင့်ဖို့ အစိုးရဘက်က ခွင့်ပြုခဲ့ပြီးဖြစ်ပေမယ့် ရှမ်းပြည်တပ်မတော်ဘက်က အဆင်မသင့်သေးဘူးလို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ ပြီးသွားရင်တော့ နယ်မြေဖွံ့ဖြိုးရေးအတွက် လုပ်စရာတွေ အများကြီးရှိနေတဲ့အကြောင်း၊ ပထမ ဦးစားပေးအနေနဲ့ တပ်တွင်း မိသားစုနဲ့ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း၊ စီးပွားရေးချောင်လည်ဖို့ ကိစ္စတွေ အရင်ဆောင်ရွက်သွားမယ့်အကြောင်း ရှမ်းပြည် တပ်မတော်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024