အမေရိကန်တွင် ပစ်ခတ်မှုဖြစ်၊ ရဲအရာရှိ ၁ ဦးနှင့် အရပ်သား ၃ ဦး သေဆုံး (ရုပ်သံ)
DVB
·
March 24, 2017
မတ်လ ၂၂ ရက် နေ့လယ်ပိုင်းက အမေရိကန်နိုင်ငံ ဝစ္စကွန်စင်ပြည်နယ်၊ စန်ထရယ်ဝစ္စကွန်စင်ဒေသမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုကြောင့် ရဲအရာရှိတဦးနဲ့ အရပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
အခုအခါ ပစ်ခတ်သူကိုဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ အဲဗားရက်စ်မက်ထရို ရဲစခန်းမှူးက ပြောပါတယ်။
သူက ဆက်လက်ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနာက်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းတံခါးတွေကိုခဏ ပိတ်လိုက်ပါတယ်။
ကျောင်းသားတွေကို ကျောင်းထဲမှာပဲ ခေတ္တထိန်းသိမ်းထားခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက် အကြမ်းဖက်မှုခံစားခဲ့ရသူတွေအတွက် ၀မ်းနည်းကြောင်းနဲ့ ဆုတောင်းပေးနေတဲ့အကြောင်း အဲဗားရက်စ်မက်ထရိုရဲစခန်းမှူးက ပြောကြားခဲ့ပါတယ်။