Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းလွှတ်တော်တွင် ဘတ်ဂျက်ဥပဒေကြမ်းတင်သွင်း
DVB
·
March 23, 2017
  စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ဥပဒေ မူကြမ်း ၂ခုကို  လွှတ်တော်ကို မနေ့က တင်သွင်းလိုက်ပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ (မူကြမ်း)နဲ့  ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း) တို့ကို တင်သွင်းခဲ့တာပါ။ ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း)မှာ တိုင်းဒေသကြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက် ချမှတ်ထားတဲ့ မူဝါဒနဲ့ ရည်မှန်းချက်တွေ အပေါ် တိုင်းဒေသကြီးရှိ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေချမှတ်ပြီး ရည်မှန်းရေးဆွဲထားတာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ ဒီမူကြမ်းမှာ လယ်ယာကဏ္ဍပါဝင်မှုအချိုးအစားကို ၃၆.၂ ရာခိုင်နှုန်းမှ ၃၃.၉ ရာခိုင်နှုန်းသို့ လျော့ချခဲ့ပြီး စက်မှုကဏ္ဍကို ၃၄.၃ ရာခိုင်နှုန်း မှ ၃၆.၀ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ကာ ဝန်ဆောင်မှု ကဏ္ဍအနေနဲ့ ၂၉.၅ ရာခိုင်နှုန်းမှ ၃၀.၁ ရာခိုင်နှုန်းသို့ တိုးမြှင့်ပြောင်းလဲ သွားမယ်လို့ ဆိုပါတယ်။ လူတစ်ဦးရဲ့ ပျှမ်းမျှထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု (ဂျီဒီပီ)ကိုလည်း တိုးတက်လာဖို့ မျှော်မှန်းထားပြီး လူတစ်ယောက်ကို အရင် ၁၇ သိန်း ၄ သောင်း ၂ ထောင်ခန့်ရရှိရာကနေ ဒီဘဏ္ဍာနှစ်မှာ ၁၉ သိန်း ၇ သောင်းထိ တိုးတက်ရရှိရန် မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒီဒေသန္တရစီမံကိန်းက ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးမှုစီမံကိန်းဖြစ်ပြီး နိုင်ငံတော်ရဲ့ မူဝါဒ၊ ရည်မှန်းချက်တွေ ပြည်သူလူထုရဲ့ လိုလားချက်၊ လိုအပ်ချက်နဲ့အညီ ရေးဆွဲထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဥပဒေမူကြမ်း၂ခုကို ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ထားပြီး လာမယ့် မတ် ၂၄ ရက်နေ့မှာဆွေးနွေးမှာဖြစ်ပါတယ်။ သတင်း - အောင်ကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024