သမီးဖြစ်သူ အလုပ်ရရန် ပြည်သူ့ဘဏ္ဍာသုံးစွဲခဲ့သည့် ပြင်သစ်ပြည်ထဲရေးဝန်ကြီး ရာထူးမှနုတ်ထွက်

ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘရူနို လီ ရောက်စ်ဟာ သမီးဖြစ်သူ အလုပ်ရဖို့အတွက် ပြည်သူ့ဘဏ္ဍာကို သုံးစွဲခဲ့တာကြောင့် မတ်လ ၂၁ ရက်နေ့က ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။ ပြည်ထဲရေးဝန်ကြီး ရောက်စ်ဟာ ပြင်သစ်အောက်လွှတ်တော်ရှိ ဆိုရှယ်လစ်ပါတီအမတ်တွေရဲ့ ခေါင်းဆောင်ဟောင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကမှ အစိုးရအပြောင်းအလဲမှာ ပြည်ထဲရေးဝန်ကြီးတာဝန် ယူခဲ့တာဖြစ်ပါတယ်။ သူ လွှတ်တော်အမတ်အဖြစ် တာဝန်ယူချိန်က ကျောင်းသူအရွယ်တွေသာ ရှိသေးတဲ့ သမီး ၂ ဦး လွှတ်ေ်တ်ာမှာ အလုပ်ရဖို့အတွက် ပြည်သူ့ဘဏ္ဍာကို သုံးစွဲခဲ့တယ်ဆိုပြီး သတင်းမီဒီယာတွေက ဖော်ထုတ်တင်ပြခဲ့ပါတယ်။ ဒီ့အတွက် ငွေကြေးဆိုင်ရာ အစိုးရရှေ့နေတွေက ဝန်ကြီး ရောက်စ်ကို မတ်လ ၂၁ ရက်မှာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ အဲ့ဒီ့နောက် တရက်အကြာ မတ်လ ၂၂ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီး ရောက်စ် နုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့နေရာမှာ အငယ်တန်း နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး မက်သီးယပ်စ် ဖက်လ်က တာဝန်ယူမယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ ပြင်သစ်နိုင်ငံမှာ လာမယ့်ဧပြီနဲ့ မေလတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ရှိပြီး ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တချို့ဟာ လာဘ်စားမှုနဲ့ နာမည်ပျက်နေပါတယ်။ မကြာခင် ရွေးကောက်ပွဲဝင်မယ့် ပြင်သစ်ဝန်ကြီးချုပ်ဟောင်း သမ္မတလောင်း ဖရန်ဆွာဖီလွန်ဟာလည်း လွှတ်တော် လက်ထောက်ရာထူးတွေအတွက် သူ့ဇနီးနဲ့ သားသမီး ၂ ဦးကို ခန့်ထားခဲ့တာကြောင့် ဝေဖန်ခံနေရကြောင်း ပါရီကပေးပို့တဲ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up