Home
ရုပျသံ
လောက်​ကိုင်​နယ်​စပ်​တွင် တိုက်​ပွဲပြင်းထန်​နေ (ရုပ်သံ)
DVB
·
March 22, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နယ်စပ် မိုင်တိုင်အမှတ် ၁၂၅၊ ၁၂၆ မှာ ဒီနေ့ မနက်က တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ "ဒီကနေ့ ၁၂၅ ရော၊ ၁၂၆ မှာရော လက်နက်ကြီးတွေ့ရာ လက်နက်ငယ်တွေရော တအားကြီးချနေတယ်။ မရပ်သေးဘူး။ နေ့တိုင်းဖြစ်နေတော့ သွားတောင်မကြည့်ချင်တော့ဘူး" လို့ နန်းဆန်ဒေသခံ ဝမ်အိုက်တင်က ပြောပါတယ်။ လက်ရှိတိုက်ပွဲက မတ်လ ၆ ရက်နေ့ကနေ ၂၂ အထိ ရှိလာပြီဖြစ်ပေမယ့်လည်း တိုက်ပွဲရပ်တန့်မသွားဘဲ ဆက်လက်ပြင်းထန်နေလို့ နန်းဆန်သတင်းဌာနဖြစ်တဲ့ ကွမ်ပေါ့ကျွေမှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာ တရုတ်အစိုးရပိုင် စိုက်ပျိုးရေးဘဏ်က ကိုးကန့်တပ်ဖွဲ့ရဲ့ ဘဏ်စာရင်းကို ပိတ်ထားပြီး အလှူရှင်တွေရဲ့ ထောက်ပံ့လှူဒါန်းငွေတွေကိုလည်း လက်ခံမှာမဟုတ်တော့တဲ့ အကြောင်းကို ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ သတင်း - နိုင်နိုင်၊ ဗီဒီယို- ကွမ်ပေါ့ကျွေသတင်းဌာန
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024