တောဘုရင်ခြင်္သေ့ကို အနိုင်တိုက်နိုင်ခဲ့သည့် အာဖရိကကျွဲ (ရုပ်သံ)
Published By
DVB | 22 March, 2017
4.6K
0
Share
0
Comment
0
Likes
တောတွင်းက တိရစ္ဆာန်တွေရဲ့ ကမ္ဘာမှာတော့ အင်အားကြီးသူသာ အနိုင်ရစတမ်းဆိုတာ နိယာမတခုပါပဲ။
အင်အားကြီးသူတွေဟာလည်း တခါတရံမှာ ရှုံးနိမ့်တတ်ကြပြီး အလှည့်အပြောင်းနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ခြင်္သေ့တွေကို အားလုံးက သားကောင်တွေကို အနိုင်တိုက်နိုင်တဲ့ တောဘုရင်တွေအဖြစ်သာ သိထားကြတာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ခြင်္သေ့တကောင်ကို အနိုင်တိုက်နိုင်ခဲ့တဲ့ အာဖရိက ကျွဲတကောင်ရဲ့ ရဲရင့်မှုကို တွေ့ကြရမှာပါ။
သူတို့ဟာ တောစပ်တနေရာမှာ ရှိနေခဲ့ကြတာဖြစ်ပြီး အာဖရိကကျွဲကြီးရဲ့ အရွယ်အစားဟာ ခြင်္သေ့ရဲ့ ၂ ဆလောက်ရှိနေတာကို တွေ့ရမှာပါ။
ဒီတိုက်ခိုက်မှုမှာတော့ ခြင်္သေ့ဟာ ကျွဲကြီးကို ဘယ်လိုမှ တုံ့ပြန်မတိုက်ခိုက်နိုင်ဘဲ အလူးအလဲ ခံနေခဲ့ရတာကို တွေ့ရပါတယ်။
ကျွဲကြီးဟာ ခြင်္သေ့ကို မြေပြင်ပေါ်မှာ ဦးချိုအသုံးပြုပြီး ဝှေ့ခတ်တိုက်ခိုက်ခဲ့တာဟာ အံ့သြစရာ ကောင်းလှပါတယ်။
ခြင်္သေ့ဟာ အစပိုင်းမှာတော့ ပြန်လည်ကိုက်ခဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ကျွဲကြီးက အဆက်မပြတ် ဝှေ့နေခဲ့တာကြောင့် အခွင့်မသာနိုင်ဘဲ ရှိနေခဲ့တာပါ။
နောက်ဆုံးမှာတော့ ခြင်္သေ့ဟာ ဘယ်လိုမှ တုံ့ပြန်တိုက်ခိုက်မှု မလုပ်နိုင်တော့ဘဲ မြေကြီးပေါ် ငြိမ်သက် အရှုံးပေးခဲ့ရတာကို တွေ့ရပါတယ်။