အိုင်ဗရီကို့စ်နည်းပြအဖြစ် ဘယ်လ်ဂျီယံနည်းပြဟောင်း ဝေမော့စ်ကို ခန့်အပ်

အိုင်ဗရီကို့စ်အသင်းက နည်းပြသစ်အဖြစ် ဘယ်လ်ဂျီယံနည်းပြဟောင်း ဝေမော့စ်ကို ခန့်အပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အာဖရိကဖလားပြိုင်ပွဲမှာ အိုင်ဗရီကို့စ်အသင်းဟာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ အဲဒီနောက်မှာ ပြင်သစ်နည်းပြဖြစ်သူ ဒဆော့ရာ နုတ်ထွက်သွားခဲ့လို့ နည်းပြသစ်နဲ့ အစားထိုး ခန့်အပ်လိုက်တာပါ။ အိုင်ဗရီကို့စ်အသင်းက အသက် ၄၈ နှစ်အရွယ် နည်းပြသစ် ဝေမော့စ်ကို ၂ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ ဝေမော့စ်ဟာ ဘယ်လ်ဂျီယံအသင်းကို ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ ယူရို ၂၀၁၆ ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ ဘယ်လ်ဂျီယံက ဝေးလ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့လို့ နည်းပြ ဝေမော့စ်လည်း အထုတ်ခံခဲ့ရပါတယ်။ အိုင်ဗရီကို့စ်နည်းပြသစ်ဟာ အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်မြင်ဖို့ အဓိက လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up