လောက်ကိုင်တွင် သေနတ်နှင့် ကျည်ဆန်များ တွေ့ရှိသိမ်းဆည်း
DVB
·
March 22, 2017
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ လောက်ကိုင်မြို့နှင့် အနီးပတ်ဝန်းကျင်မှာ ကိုးကန့်တပ်ဖွဲ့ အသုံးပြုထားတဲ့ သေနတ်၊ ကျည်ဘောက်နဲ့ ကျည်ဆန်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
လောက်ကိုင်မြို့ ရန်လုံကျိုင်းအနီးပတ်ဝန်းကျင်ကနေ ကိုးကန့်လက်နက်ကိုင်အဖွဲ့ အသုံးပြုတဲ့ အမေရိကန်လုပ် Airgun သေနတ်နဲ့ ခဲယမ်းဆက်စပ်ပစ္စည်းတွေကို မြန်မာ့တပ်မတော်စစ်ကြောင်းက သိမ်းဆည်းရမိခဲ့တာပါ။
မတ် ၂၁ ရက် မနက် ၁၀ နာရီခွဲမှာ မြန်မာ့တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် လောက်ကိုင်မြို့နယ် ရန်လုံကျိုင်းရဲစခန်းအနီးရှိ အဆောက်အဦတွေထဲက ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ (MNDAA)ရဲ့ AIRPORE Airguns တံဆိပ်ပါ Airgun အမျိုးအစား (မှန်ပြောင်းပါ)သေနတ် ၁ လက်၊ ပွိုင့်-၂၂ ကျည်အပါအဝင် ကျည်မျိုးစုံ ၁၈၈ တောင့်၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ လက်ပစ်ဗုံး ၄ လုံးတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။