Home
မြန်မာသတင်း
ရန်ကုန်တွင် စည်ပင်က ဆိုက်ကား​ဖမ်း​သဖြင့်​ ရုန်း​ရင်း​ဆန်ခတ်ဖြစ်
အေးနိုင်
·
January 5, 2012
ရန်ကုန်တိုင်း​ ဗိုလ်တ​ထောင်မြို့​နယ်မှာ အ​နှေး​ယာဉ်ဆိုက်ကား​သမား​တချို့​နဲ့​ စည်ပင်သာယာရဲ​တွေအကြား​ ရုန်း​ရင်း​ဆန်ခတ်ဖြစ်ပွား​ပြီး​ ဆိုက်ကား​သမား​တွေကို ဖမ်း​ဆီး​သွား​တယ်လို့​ မျက်မြင်တဦး​က ​ပြောပါတယ်။ [caption id="attachment_19668" align="alignright" width="300" caption="ရန်ကုန်မြို့​ တနေရာတွင် ခရီးသည်စောင့်နေသော ဆိုက်ကားသမားများ​ (ဓာတ်ပုံ - ရိုက်တာ)"][/caption] “ရန်ကုန် ဗိုလ်တ​ထောင်က ဝန်ကြီး​များ​ရုံး​ရဲ့​ လမ်း​ထောင့်​မှာ ရန်ကုန်မြို့​စည်ပင်က လမ်း​ပေါ်မှာ ​ပြေး​ဆွဲ​နေတဲ့​ ဆိုက်ကား​တွေကို အတင်း​အဓမ္မသိမ်း​ဆည်း​တဲ့​အခါကျ​တော့​ ပြည်သူလူထုက လက်မခံဘူး​။ လက်မခံတဲ့​အခါကျ​တော့​ စည်ပင်ရဲ​တွေနဲ့​ ဆိုက်ကား​သမား​တွေနဲ့​ ပတ်သက်ပြီး​တော့​ ​ဘေး​ကလူ​တွေနဲ့​ ရိုက်ကြပုတ်ကြဖြစ်တယ်ဗျာ။ လူ​တွေလည်း​ ဖမ်း​သွား​တယ်။ ဆိုက်ကား​ အစီး​နှစ်ဆယ်​လောက် ဖမ်း​သွား​တယ်။” ဒီနှစ်ဆန်း​ကစပြီး​ ရန်ကုန်မြို့​တွင်း​ အ​နှေး​ယာဉ် ဆိုက်ကား​နင်း​ခွင့်​ ပိတ်ပင်သလို လူကူး​မျဉ်း​ကြား​က မကူး​ရင် ​ငွေဒဏ်သတ်မှတ်ပြီး​ စည်ပင်သာယာက ကိုင်တွယ်​နေတာပါ။ လက်လုပ်လက်စား​ ဆိုက်ကား​သမား​တွေက ညွှန်ကြား​ချက် ရုတ်တရက်ထွက်လာတဲ့​အခါ တခြား​အလုပ်အကိုင် အဆင်မ​ပြေတာ​ကြောင့်​ ဆိုက်ကား​ဆက်နင်း​တာလို့​ ဆိုပါတယ်။ စည်ပင်သာယာရဲကလည်း​ တာဝန်အရဆိုပြီး​ ဖမ်း​ဆီး​တဲ့​အခါ အရပ်သား​တွေကပါ ဆိုက်ကား​သမား​တွေဘက်က ရပ်တည်​ပြောဆိုလာကြပြီး​ ရဲ​တွေပါ ဝင်​ရောက်ထိန်း​သိမ်း​ရတဲ့​ အ​ခြေအ​နေ ​ရောက်ခဲ့​တယ်လို့​ ဆိုပါတယ်။ မနက် ၁၁ နာရီခန့်​က စတင်တဲ့​ ဒီရုန်း​ရင်း​ဆန်ခတ်မှာ ဆိုက်ကား​အစီး​ နှစ်ဆယ်ခန့်​ ဖမ်း​ဆီး​ထား​ပြီး​ သတင်း​မေး​ချိန် ၁၂ နာရီထိ ​ဒေသခံ လူအုပ်ကလည်း​ ၂၀၀ ဝန်း​ကျင်​လောက်အထိ များ​ပြား​နေတယ်လို့​ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024