အကြွေစေ့ ၁၀၀၀ ခန့် ခွဲထုတ်ခဲ့ရသည့် လိပ်မကြီး သွေးအဆိပ်သင့် သေဆုံး (ရုပ်သံ)
Published By
DVB | 22 March, 2017
929
0
Share
0
Comment
0
Likes
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်မှာ စားထားတဲ့ ငွေအကြွေစေ့ ၁၀၀၀ နီးပါး ခွဲထုတ်ယူခဲ့ရတဲ့ လိပ်မကြီးဟာ မတ် ၂၁ ရက်နေ့က သွေးအဆိပ်သင့်ပြီး သေဆုံးသွားပြီလို့ တိရစ္ဆာန်ဆရာဝန်တွေက ပြောပါတယ်။
အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ လိပ်မ အွန်စင် (Om-sin) ဟာ မတ် ၁၉ ရက်နေ့က ဒုတိယအကြိမ် အူမကြီး ခွဲစိတ်မှုအပြီး မေ့မြောနေခဲ့တာပါ။
အများပိုင် ရေကန်တခုထဲမှာ လာရောက်လည်ပတ်သူတွေ ပစ်ချတဲ့ ငွေအကြွေစေ့တွေကို စားခဲ့ပြီး ခွဲစိတ်ချိန်မှာတော့ အကြွေစေ့ ၅ ကီလို ထွက်ရှိခဲ့ပါတယ်။
သူ့ရဲ့အကြေးခွံလည်း ကွဲထွက်သွားပြီး ပထမခွဲစိတ်မှုဟာ ၇ နာရီ ကြာမြင့်ခဲ့ပါတယ်။
ပထမအကြိမ်ခွဲစိတ်မှုအပြီး အခြေအနေကောင်းမွန်တဲ့ပုံ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်တွေအတွင်း သွေးဆိပ်သင့်ခဲ့ပြီး အဲ့ဒါကြောင့် သေဆုံးတယ်လို့ တိရစ္ဆာန်ဆရာဝန်တွေက ပြောဆိုတာပါ။
အများပိုင်ရေကန်ကို အပန်းဖြေလာရောက်သူတွေဟာ ရေကန်ထဲကို အကြွေစေ့ပစ်ထည့်ရင် ကံကောင်းမယ်လို့ ယုံကြည်မှုနဲ့ ပစ်ချခဲ့ကြပြီး အခုလို အကြွေစေ့တွေကို စားမိတဲ့ လိပ်တကောင် သေဆုံးခဲ့ရတဲ့အတွက် အခုလုပ်ဆောင်မှု၊ ယုံကြည်မှုမျိုးတွေ နောက်ဆို ရှောင်ကြဉ်ကြလိမ့်မယ်လို့ မျှော်လင့်ရကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။