ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 21, 2017
ဖရဲသီး ၈၅၅
မူဆယ်ကုန်စည်ဒိုင်မှာ တရုတ်နိုင်ငံကို အဓိက တင်ပို့နေတဲ့ ဖရဲသီး ၈၅၅ က ငွေကျပ် ခုနှစ်သောင်းခုနှစ်ထောင် ကျော်ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၃၄၇၄၀၀ ဈေးရှိနေပါတယ်။ နှစ်ရက်အတွင်း ငွေကျပ် ၁ သိန်းကျော်ဈေးကျဆင်းသွားတာပါ။
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပြည်ပကို အဓိက တင်ပို့နေတဲ့ မတ်ပဲက ငွေကျပ် ၂ သောင်းကျော်လောက် ဈေးထပ်တက်လာပြီး ဒီနေ့ ပေါက်ဈေးက ဆယ့်တစ်သိန်းငါးသောင်းပေါက်ဈေးရှိနေပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ငွေကျပ် ၇၀၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တစ်တန်ကို ငွေကျပ် ခုနှစ် သိန်းခြောက်သောင်းရှိပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့ မှာ တစ်ပိဿာကို ၂၀၃၅ ကျပ် ပေါက်ဈေးရှိနေပြီး ၃၅ ကျပ် ဈေးကျသွားပါတယ်။
ပဲပုတ် (ဗမာ)
မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲပုတ် (ဗမာ) ဟာ တစ်အိတ်ကို ငွေကျပ် ၂၀၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၇၂၀၀၀ ကျပ်ဈေးပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ တစ်ပိဿိာကို နှစ်ဆယ်ကျပ် ဈေးကျဆင်းသွားပြိး ဒီနေ့ ဈေးက တစ်ပိဿာကို တစ်ထောင့် ၁၉၁၀ ကျပ် ရှိပါတယ်။
မကျည်းတောင့်
ပခုက္ကူ ကုန်စည်ဒိုင်မှာ နှစ်ပတ်ဆက်တိုက် ဈေးတက်နေတဲ့ မကျည်းတောင့်က ဒီနေ့မှာတော့ တစ်ပိဿာကို ၁၂၀ ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁၆၈၀ ကျပ် ဈေးရှိပါတယ်။
မြေပဲလုံးဆံဖြူ
မုံရွာကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံဖြူ အမျိုးအစားက ငွေကျပ် ၁၅၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၂၆၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။
သတင်း - AMIA