A d v e r t i s e m e n t With Us

လွတ်လပ်ခြင်း​ အနုပညာ ရုပ်ရှင်ပွဲ​တော် ​အောင်မြင်စွာ ပြီး​ဆုံး

photo-maung thura facebook
ဒီက​နေ့​ ကျ​ရောက်တဲ့​ လွတ်လပ်​ရေး​နေ့​မှာ လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော် ​အောင်မြင်စွာ ပြီး​ဆုံး​သွား​ပါတယ်။ [caption id="attachment_19658" align="alignleft" width="300" caption="photo-maung thura facebook"][/caption] ရန်ကုန်မြို့​ ပြည်လမ်း​မ​ပေါ်ရှိ ​တော်ဝင်စင်တာမှာ ဒီက​နေ့​ ကျင်း​ပတဲ့​ ပထမဆုံး​အကြိမ် လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော်ပိတ်ပွဲနဲ့​ ဆု​ပေး​ပွဲမှာ ဆန်ကာတင် ၅၄ ကား​ထဲက ဆုရရှိသူ ၅ဦး​ကို မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က ဆုချီး​မြှင့်​ပေး​အပ်ခဲ့​ပါတယ်။ ဆင်ဆာအဖွဲ့​ကို တင်ပြခြင်း​မရှိဘဲ လွတ်လပ်စွာ ဖန်တီး​ခွင့်​ ရထား​တဲ့​ ပြိုင်ပွဲဝင်ဇာတ်ကား​ ၁၈၀ ​ကျော်ထဲက ၅၄ ကား​ကို ဆန်ကာတင်​ရွေး​ချယ်ကာ ပြည်သူ​တွေကို ဇန်နဝါရီ ၁ ရက်က​နေ ၃ ရက်​နေ့​အထိ အခမဲ့​ ပြသခဲ့​ပြီး​ ဒီက​နေ့​ ကျ​ရောက်တဲ့​ လွတ်လပ်​ရေး​နေ့​မှာ ဆု​ပေး​အပ်ချီး​မြှင့်​ခဲ့​တာပါ။ ပထမဆုံး​အကြိမ် ကျင်း​ပတဲ့​ လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော်ကို ဦး​ဆောင်သူ​တွေထဲက တဦး​ ဖြစ်တဲ့​ ကိုဇာဂနာ ​ခေါ် ဒါရိုက်တာ ​မောင်သူရက အခမ်း​အနား​ အတွင်း​က​နေ ဆုရရှိသူ ငါး​ဦး​ကို အခုလို ​ပြောပြပါတယ်။ “အ​ကောင်း​ဆုံး​ မှတ်တမ်း​ရုပ်ရှင်ဆုကို ဒါရိုက်တာ ​စိုင်း​ကျော်ခိုင်ရိုက်ကူး​တဲ့​ ‘Click In Fear’ ဆိုတဲ့​ ဇာတ်ကား​ သိပ်​ကောင်း​ပါတယ်။ သူရရှိသွား​ပါတယ်။ အ​ကောင်း​ဆုံး​ ဇာတ်လမ်း​တို ရုပ်ရှင်ဇာတ်ကား​ဆုကို ဒါရိုက်တာ မင်း​သိုက် ရိုက်တဲ့​ ‘ကြိုး​’ဆိုတဲ့​ကား​ ရရှိသွား​ပါတယ်။ အရမ်း​ကောင်း​ပါတယ်။ ကျ​နော်တို့​ ရင်ထဲကို ​တော်​တော်ထိပါတယ်။ ပရိသတ်​တွေလည်း​ သိပ်ကြိုက်ကြပါတယ်။ အ​ကောင်း​ဆုံး​ animation ဆုကို​တော့​ ​ဇော်ဘိုဘိုဟိန်း ရိုက်ကူး​တဲ့​ ‘Freedom and Unity’ ဆိုတဲ့​ ကား​က ရပါတယ်။ အ​ကောင်း​ဆုံး​ လူငယ် မျက်နှာသစ်ဆုကို​တော့​ ‘Still In The Dark’ အ​မှောင်ထဲမှာ ရှိ​နေဆဲပဲ ဆိုတဲ့​ ဇာတ်ကား​ကို ဒါရိုက်တာ ​အောင်​ဇော်မိုး​ ငယ်ငယ်​လေး​ပဲ ရှိပါ​သေး​တယ်။ အသက် ၁၉ နှစ်ပါ။ သူရရှိသွား​ပါတယ်။ ပရိသတ် ကြိုက်နှစ်သက်ဆုံး​ဆုကို ဒါရိုက်တာ ဝိုင်း​ရဲ့​ ‘ဒီအခန်း​ဖြတ်’ ဇာတ်ကား​က ရရှိသွား​ပါတယ်။ ပရိသတ်​တွေ မဲ​ပေး​တာကို ​ရွေး​ချယ်ပြီး​မှ ဆု​ပေး​တာပါ။ မဲ​ပေး​တဲ့​ အ​ရေအတွက်က ၁၀၂၅၄ မဲ ရှိတဲ့​အထဲမှာ ဝိုင်း​ရဲ့​ အဲဒီအခန်း​ဖြတ်ဇာတ်ကား​ကို မဲ​ပေး​ခဲ့​တာက ၇၀၁၁ မဲ ရှိပါတယ်။ ဒါ​ကြောင့်​မို့​ ပရိတ်သတ် အကြိုက်ဆုံး​ ဆုကို​တော့​ ဒါရိုက်တာဝိုင်း​က အဲဒီအခန်း​ဖြတ်နဲ့​ ရရှိသွား​တာပါခင်ဗျာ။” လွတ်လပ်ခြင်း​ အနုပညာ ရုပ်ရှင်ပွဲ​တော် ​အောင်မြင်စွာ ပြီး​ဆုံး​သွား​ချိန်မှာ လွတ်​မြောက်ခြင်း​ မရှိ​သေး​တဲ့​ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျ​နေသူ​တွေအတွက် ကိုဇာဂနာက သူ့​ရဲ့​ ခံစား​ချက်ကို အခုလို ထုတ်​ဖော် ​ပြောဆိုသွား​ပါတယ်။ “အခုပဲ အခမ်း​အနား​က​တော့​ ​အောင်​အောင်မြင်မြင်နဲ့​ ပြီး​ဆုံး​သွား​ပါပြီ။ ဒါ​ပေမယ့်​ လွတ်လာခြင်း​ အနုပညာ ရုပ်ရှင်ပွဲ​တော်အစား​ လွတ်မလာခြင်း​ ရုပ်ရှင်ပွဲ​တော်လို့​တောင် လုပ်လာဖို့​ ​ကောင်း​တယ်။ အမှန်​တော့​ ကျ​နော့်​ သူငယ်ချင်း​တွေ လွတ်လာမယ်လို့​ ​မျှော်လင့်​ပြီး​တော့​ အဲဒီညမှာ ကျ​နော်က သူတို့​ကို ကြိုဆိုတဲ့​ အ​နေနဲ့​ စင်​ပေါ်က​နေ အငြိမ့်​ကပြီး​ ဂုဏ်ပြုချင်တာဗျ။ အခု​တော့​ မကပြနိုင်​တော့​ဘူး​။ ​တော်​တော်ကို စိတ်မ​ကောင်း​စရာပဲဗျာ။” ဒီက​နေ့​ပြုလုပ်မယ့်​ ပိတ်ပွဲ အခမ်း​အနား​မှာ ဇာဂနာ ဦး​ဆောင်တဲ့​ မြပုဏ္ဏမာနဲ့​ သီး​လေး​သီး​ ​ဆေး​ရောင်စုံအငြိမ့်​နဲ့​ တင်ဆက်ကပြ သွား​မယ်လို့​လည်း​ သိရပါတယ်။ ဒီလ ၂၁ ရက်နဲ့​ ၂၂ ရက်​နေ့​မှာ စင်္ကာပူနိုင်ငံ​ရောက် မြန်မာလူမျိုး​များ​ ရသအလင်း​ ​ဖောင်​ဒေး​ရှင်း​က ဦး​ဆောင်ကျင်း​ပတဲ့​ ရုန်း​ကန်ခြင်း​အလှပွဲမှာလည်း​ ဒါရိုက်တာ မင်း​ထင်ကိုကိုကြီး​ ရိုက်ကူး​တဲ့​ အင်း​သီး​ မှတ်တမ်း​ရုပ်ရှင်ဇာတ်ကား​ အပါအဝင် ဆုရရှိတဲ့​ ငါး​ကား​ကို ပြသသွား​မှာ ဖြစ်ပြီး​ က​မ္ဘောဒီး​ယား​နိုင်ငံက meta house ရုပ်ရှင်သင်တန်း​ကို ဆုရရှိတဲ့​ ဒါရိုက်တာ​တွေကို ပို့​ပေး​မယ်လို့​လည်း​ သိရပါတယ်။ ဒါ့​အပြင် ဆုရရှိတဲ့​ ၅ ဦး​ထဲက ၃ဦး​ကိုလည်း​ ဂျာမဏီလူမျိုး​ ဒါရိုက်တာ နစ်ကိုက သင်တန်း​ပို့​ချပြီး​ ​ငွေ​ကြေး​ကုန်ကျခံ ရိုက်ကူး​မယ့်​ ကား​အသစ် ၃ ကား​နဲ့​ နိုင်ငံတကာ ရုပ်ရှင်ပွဲ​တော်​တွေမှာ ဝင်​ရောက် ယှဉ်ပြိုင်သွား​မယ်လို့​ ဦး​ဆောင်ကျင်း​ပသူ တဦး​ဖြစ်တဲ့​ ဒါရိုက်တာ ​မောင်သူရက ​ပြောပါတယ်။ ဆုမရရှိတဲ့​ ပြိုင်ပွဲဝင် ဒါရိုက်တာ အ​ယောက် ၂၀ ကိုလည်း​ အ​မေရိကန်က ဒါရိုက်တာ သုံး​ဦး​က ဇန်နဝါရီလ ၁၅ ရက်​နေ့​က​နေ ၂၉ ရက်​နေ့​အထိ short flim နဲ့​ documentry flim သင်တန်း​ ရန်ကုန်မှာ သင်တန်း​ပို့​ချ​ပေး​မယ်လို့​ သိရပါတယ်။ အနုပညာနဲ့​ နိုင်ငံ​ရေး​ ဆိုတာလည်း​ ဆက်စပ်​နေတဲ့​အတွက် ဒီအနုပညာနဲ့​ တိုင်း​သူပြည်သား​တွေကို မျက်စိ​ရောနား​ပါ ဖွင့်​ပေး​နိုင်ဖို့​ လွတ်လပ်ခြင်း​ အနုပညာပွဲ​တော်ကို ကျင်း​ပခဲ့​တာဖြစ်ပြီး​ အား​လုံး​ရဲ့​ တတ်စွမ်း​သမျှ အနုပညာအား​လုံး​ကို တိုင်း​ပြည်နိုင်ငံ​ရေး​ရဲ့​ ပြုပြင် ​ပြောင်း​လဲ​ရေး​ အတွက်ကို အ​ထောက်အပံ့​ ​ပေး​လိမ့်​မယ်လို့​ ယုံကြည်​ကြောင်း​လည်း​ ကိုဇာဂနာက ​ပြောဆိုသွား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up