ဘန်ကောက်မြို့လယ်ခေါင် အလုပ်သမားတန်းလျားမီးလောင် (ရုပ်သံ)
DVB
·
March 21, 2017
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ခေါလဲမ်နယ်မြေ ဖလမ်းဆာမ်လမ်း ကျလွန်းရဆဒွန်း ၅ လမ်းသွယ်ထဲ မှာ ဒီကနေ့ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားနေပါတယ်။
မီးလောင်ရာနေရာဟာ အလုပ်သမားတွေ နေထိုင်တဲ့ ၂ ထပ်ဆောင် တန်းလျားတွေဖြစ်ပြီး မီး အလွယ်တကူ လောင်ကျွမ်းနိုင်တဲ့ လောင်စာတွေရှိတာကြောင့် အရှိန်ပြင်းစွာ လောင်ကျွမ်း လျှက်ရှိကြောင်း၊ မီးစတင်လောင်ကျွမ်းချိန် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ဖြစ်ကာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ထိ မီးညွှန့်မကျိုးသေးဘဲ အဆောင်အမှတ် ၃ ဘက်ဆီ ကူးစက်လောင်ကျွမ်းနေဆဲဘဲလို့ အမှတ် ၁၉၉ အရေးပေါ်လိုင်း ဖေ့စ်ဘုတ်မှာ ဖော်ပြပါတယ်။
မီးလောင်ရခြင်းအကြောင်းရင်းနဲ့ ဆုံးရှုံးမှု ပမာဏတွေ မသိရသေးပေမယ့် လက်ရှိ အဆောင်အမှတ် ၁ နဲ့ အမှတ် ၂ တော့ မီးထဲပါသွားပြီလို့ အရေးပေါ်ကယ်ဆယ်ရေးဌာနက သတင်းထောက်ကို ပြောသွားပါတယ်။
ဓာတ်ပုံ - ch7news