Home
သတင်းဓာတ်ပုံ
တောင်ကိုရီးယားကို သွားရောက်အလုပ်လုပ်ခွင့်ရရန် ကြိုးပမ်းနေကြသူများ- သတင်းဓာတ်ပုံ
DVB
·
March 21, 2017
တောင်ကိုရီးယားနိုင်ငံကို သွားရောက် အလုပ်လုပ်ဖို့ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ လာရောက် ထုတ်ယူသူ အရေအတွက်ဟာ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းက အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှာ တရက်တည်းနဲ့ ၁ သောင်းကျော် ရှိနေတာကြောင့် တိုးကြိတ်နေရတဲ့ အနေအထားအထိ ဖြစ်ခဲ့ပါတယ်။ အခုလို လာရောက်ထုတ်ယူတဲ့သူ များရတာဟာ အရင်နှစ်ကထက်  လျှောက်လွှာ ရောင်းတဲ့နေ့ ရက်အချိန်နည်းသလို လူ ၄ ထောင်သာ ခေါ်ယူမှာ ဖြစ်တဲ့အတွက် အခုလို  တိုးကြိတ်နေခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လျှောက်လွှာ နံပါတ်စဉ်ကို ဦးစားပေးနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် တိုးဝှေ့နေကြရတာလို့ ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ မုံရွာကလာရောက်သူ တယောက်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024