Live
Home
မြန်မာသတင်း
အမေရိကန် ရေတပ်အမြန်ပို့ဆောင်ရေးသင်္ဘော ရန်ကုန် လာမည်
DVB
·
March 21, 2017
အမေရိကန် ရေတပ်အမြန်ပို့ဆောင်ရေးသင်္ဘော ယူအက်စ်အန်အက်စ်ဖောလ်ရေးဗား USNS Fall River  ဟာ ဒီအပတ်ထဲမှာ ရန်ကုန်မြို့ကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်မှာ ဖြစ်တယ်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက မတ်လ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ခရီးစဉ်အတွင်း အမေရိကန်ရေတပ်ရဲ့ အမှတ် (၇) ရေတပ်သင်္ဘောဟာ မြန်မာ့ ရေတပ်မတော်သားတွေနဲ့လည်းတွေ့ဆုံကာ  ယဉ်ကျေးမှုရေးရာတွေမှာလည်း လေ့လာမှုတွေ ပြုလုပ်သွားဖြစ်ပြီး   ရန်ကုန်ဆိပ်ကမ်းမှာ မတ်လ ၂၁ ရက်ကနေ ၂၅ ရက်နေ့အထိ  ရှိနေမယ်လို့ ဆိုပါတယ်။ USNS Fall River စစ်သင်္ဘောဟာ အင်ဒို-အာရှ-ပစိဖိတ် ဒေသတွင်းမှာ ရှိတဲ့ နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင့်တဲ့ (လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ/ဘေးအန္တရာယ် တုံ့ပြန်ရေး) ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအဖြစ်  အထူးတာဝန်နဲ့ သီရိလင်္ကာနိုင်ငံနဲ့ မလေးရှားနိုင်ငံကြားမှာ ရောက်ရှိနေတဲ့သင်္ဘော ဖြစ်ပါတယ်။ ဒါ့အပြင် ရေတပ်သဘောင်္ ဂီတတီးဝိုင်းဟာ မြန်မာနိုင်ငံက ဂီတပညာရှင်တွေနဲ့တွေ့ဆုံပြီး ဂီတ အနုပညာဆိုင်ရာ နှီးနှောဖလှယ်မှု အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်သလို၊ ရန်ကုန် အမေရိကန်စင်တာမှာလည်း မတ်လ ၂၄ ရက်နေ့မှာ ညနေပိုင်းမှာ အခမဲ့ ဂီတဖျော်ဖြေပွဲတခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024