Home
မြန်မာသတင်း
မြဝတီမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား
နော်နိုရင်း
·
March 21, 2017
ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့ညသန်းခေါင် ၁၂ နာရီလောက်က ဒေသန္တရ လက်လုပ်မိုင်း ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း မြဝတီရဲစခန်းက ထုတ်ပြန်ပါတယ်။ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်၊ သမာဓိလမ်း၊ မွန်ကျောင်းဘေး အုတ်နံရံနားမှာ မနေ့ည ၁၁ နာရီ ၅၉ မိနစ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ မြို့မရဲစခန်းကနေ သိရပါတယ်။ အဲဒီပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စီစီတီဗွီမှတ်တမ်းအရ ဆိုင်ကယ်စီးလာသူ ၂ ဦးက  ဖောက်ခွဲခဲ့တာဖြစ်ကြောင်းနဲ့ ဖောက်ခွဲသူ ၂ ဦးကို ဖမ်းဆီးရရေး ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ မြဝတီမြို့မရဲစခန်းက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024