သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဖိလစ်ပိုင်သမ္မတ သီးခြားစီတွေ့ဆုံ
နေဖြိုးဝင်း
·
March 20, 2017
နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး က ဒီကနေ့ နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။
မတ်လ ၂၀ ရက်နေ့ နေ့လယ် ၂ နာရီက နိုင်ငံတော်သမ္မတအိမ်တော်မှာ သမ္မတဦးထင်ကျော်က ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပြီး အစားအစာလုံခြုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သံတမန်ဆောင်ဧည့်ခန်းမမှာ သီးခြားတွေ့ဆုံခဲ့ပါတယ်။ ညပိုင်းမှာတော့ ဂုဏ်ပြုညစာစားပွဲနဲ့ ဧည့်ခံမှာဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဦးဆောင်တဲ့အဖွဲ့ဟာ နေပြည်တော်ကို မတ်လ ၁၉ ရက်နေ့ ညနေပိုင်းကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။