ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 20, 2017
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပြည်ပကို အဓိက တင်ပို့နေတဲ့ မတ်ပဲက ဒီနေ့မှာ တစ်တန်ကို ငွေကျပ် နှစ်သောင်းရှစ်ထောင် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက ဆယ့်တစ်သိန်းနှစ်သောင်းကိုးထောင် ရှိပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ငွေကျပ် ၇၅၉၉ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက တစ်တန်ကို ငွေကျပ် ခုနှစ်သိန်းငါးသောင်းသုံးထောင့်ငါးရာ ပေါက်ဈေးရှိနေပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့ မှာ တစ်ပိဿာကို ၂၀၇၀ ကျပ် ပေါက်ဈေးရှိနေပြီး ငွေကျပ် ၇၀ လောက်ဈေးတက်လာ ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ (တောင်ကြီး၊အောင်ပန်း) ကတော့ တစ်ပိဿာကို ငွေကျပ် ၂၀၀ ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ငွေကျပ် သုံးထောင့်တစ်ရာ ရှိပါတယ်။
ဖရဲသီး (၈၅၅)
မူဆယ်ကုန်စည်ဒိုင်မှာ တရုတ်နိုင်ငံကို အဓိကတင်ပို့နေတဲ့ ဖရဲသီး ၈၅၅ က ဒီနေ့မှာ တစ်တန်ကို သုံးသိန်း လေးသောင်းခုနှစ်ထောင့်လေးရာ ကနေ လေးသိန်းနှစ်သောင်းလေးထောင့်ခြောက်ရာ ပေါက်ဈေး ရှိနေပြီး တစ်တန်ကို ငွေကျပ် သုံးသောင်းရှစ်ထောင်လောက် ဈေးကျဆင်းသွား ပါတယ်။
နှမ်းနက်(စမုံ)
နှမ်းနက် (စမုံ) ဟာ တစ်အိတ်ကို ငွေကျပ် ၆၀၀၀ ဈေးကျသွားပြီး ဒီနေ့ ပေါက်ဈေးက တစ်အိတ်ကို တစ်သိန်း သုံးသောင်းလေးထောင်ပေါက်ဈေးရှိနေပါတယ်။
နှမ်းနက်
နှမ်းနက်ကလည်း တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ဈေးကျဆင်းသွားပြး ဒီနေ့ပေါက်ဈေးက တစ်အိတ်ကို တစ်သိန်း ရှိနေပါတယ်။
မကျည်းတောင့်
ပခုက္ကူကုန်စည်ဒိုင်မှာတော့ မကျည်းတောင့် အမျိုးအစားဟာ တစ်ပိဿာ ကို ငွေကျပ် ၃၀ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တစ်ထောင့်ရှစ်ရာ ဈေးရှိနေ ပါတယ်။
အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA