ကင်ဂျုံအီးလ် အလွန် ကိုရီးယားကျွန်းဆွယ်ရဲ့ အနာဂတ်
DVB
·
January 2, 2012
ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်ဂျုံအီးလ် ရဲ့ ဈာပနကို နိုင်ငံတော်အခမ်းအနားနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့ပါတယ်။ သူဟာ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ နှလုံးရောဂါနဲ့ သေဆုံးခဲ့တာပါ။ မြောက်ကိုရီးယားနိုင်ငံသားတွေက သူတို့ရဲ့ အာဏာရှင်ခေါင်းဆောင်ကြီးအတွက် ငိုကြွေးကြပြီး၊ သူ့ရာထူး အမွေကို ဆက်ခံတဲ့ သူ့သား ကင်ဂျုံအန်း ကို ချီးကျူးဂုဏ်ပြုကြပါတယ်။ တောင်ကိုးရီးယားကတော့ မြောက်ကိုရီးယားမှာ နောက်ဆက်တွဲ အာဏာအပြောင်းအလဲ ဘာတွေဖြစ်မလဲ ဆိုတာ မသေချာမရေရာစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ တချို့က စိုးရိမ်စိတ်နဲ့ကြည့်ပြီး တချို့ကတော့ အခွင့်အလမ်းအဖြစ် မြင်ကြပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်သစ် လူငယ်လေးက အထီးကျန်ဖြစ်နေတဲ့ တိုင်းပြည်ကို နောက်ဆုံး တနေ့ တံခါးဖွင့်ပေးနိုင်မယ်လို့ မျှော်လင့်နေသူတွေလည်း ရှိပါတယ်။ ဒီအကြောင်း ဆိုးလ်မြို့မှ သတင်းထောက် ‘ဂျေဆင် စထရိုသာ’ (Jason Strother)က သတင်းပေးပို့ထားတာပါ။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။