ခရီးသွားဧည့်သည်အုပ်စုရှေ့ ကျွဲတကောင်ကို တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည့် ခြင်္သေ့အုပ်စု (ရုပ်သံ)

တောင်အာဖရိကနိုင်ငံ၊ ကရူဂါအမျိုးသားဥယျာဉ်ထဲမှာ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်အုပ်စုတစုဟာ ကျွဲတကောင်ကို တိုက်ခိုက်သတ်ဖြတ်ခဲ့ကြတဲ့ ခြင်္သေ့အုပ်စုနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ကို ခရီးသွားဧည့်လမ်းညွှန်တဦးဖြစ်တဲ့ မာတန်လဲန်းဂ်က ရုပ်သံဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းတင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်အစပိုင်းမှာတော့ ကျွဲကြီး ၂ ကောင်ဟာ ကားလမ်းမပေါ်ကို ဖြတ်တက်ပြေးလာခဲ့ချိန်မှာ သူ့ရဲ့နောက်ကနေ ပြေးလိုက်လာခဲ့ကြတဲ့ ခြင်္သေ့တွေကို တွေ့ရပါတယ်။ ဒါပေမယ့် ကျွဲကြီး ၂ ကောင်ထဲက တကောင်ကတော့ လမ်းတဘက်ကို ကူးပြေးကာ လွတ်မြောက်သွားခဲ့ချိန်မှာ တကောင်ကတော့ ခြင်္သေ့အုပ်စုကြားမှာ ကျန်နေခဲ့ပါတယ်။ ကျွဲကြီးဟာ ခြင်္သေ့တွေဘက်ကို ပြန်လှည့်ပြီး မာန်ဖီကာ ခြောက်လှန့်မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြပေမယ့် ခြင်္သေ့တွေက နောက်ဆုတ်မသွားခဲ့ဘဲ တိုက်ခိုက်ဖို့ တိုးကပ်လာခဲ့ကြတာပါ။ ခရီးသွားဧည့်သည်အုပ်စုရဲ့ ကားကတော့ လမ်းမပေါ် ပေအနည်းငယ်အကွာမှာ ရှိနေခဲ့ကာ ခုလိုတိုက်ခိုက်ခဲ့တာတွေကို မျက်မြင်တွေ့ခဲ့ရတာပါ။ ခြင်္သေ့ ၂ ကောင်ဟာ ပြေးနေတဲ့ ကျွဲကြီးကို နောက်ကနေခုန်အုပ်ပြီး မြေပြင်ပေါ်လှဲချကာ တိုက်ခိုက်ခဲ့ကြချိန်မှာတော့ ကျွဲကြီးဟာ ကြောက်လန့်တကြား အော်ဟစ်ကာ ဘာမှမတတ်နိုင်ဘဲ ရှိနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ ခြင်္သေ့ ၂ ကောင်အနီးကို တခြားခြင်္သေ့တွေလည်း ရောက်ရှိလာခဲ့ကြပြီး ကျွဲကြီးကို ကိုက်ဖဲ့သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြပြီး အနိုင်ယူနိုင်ခဲ့တာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up