မုံရွာမြို့၊ အောင်ရတနာရပ်ကွက် မီးလောင်၊ လူနေအိမ် ၁ လုံး ပျက်စီး
DVB
·
March 20, 2017
မုံရွာမြို့၊ အောင်ရတနာရပ်ကွက် သာယာအေးလမ်းမှာ မတ်လ ၁၉ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်က မီးလောင်မှုကြောင့် လူနေအိမ် ၁ လုံး ပျက်စီးဆုံးရှုံးသွားပါတယ်။
မီးလောင်ပျက်စီးသွားတဲ့ လူနေအိမ်မှာ ၂ ထပ်၊ သွပ်မိုးကပ်ကာအိမ်ဖြစ်ပြီး ခြင်ဆေးခွေမှတဆင့် မီးကူးစက် လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုကြောင့် မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၁၀ စင်း၊ ရေသယ်ယာဉ် ၄ စင်းတို့အပါအဝင် မီးသတ်တပ်ဖွဲ့အင်အား ၁၀၀ ခန့်နဲ့ ဒေသခံပြည်သူများ ပူးပေါင်းငြှိမ်းသတ်ခဲ့ရပါတယ်။
နေအိမ်မီးလောင်မှုကြောင့် တန်ဖိုး ၁ သိန်းကျပ် ဆုံးရှုံးသွားပြီး လောင်ကျွမ်းမှုမှာ Level 2 အဆင့်ထိ သတ်မှတ်ထားတယ်လို့ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ အတည်ပြု ပြောကြားပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ ဦးဖြိုးသူရဇော်ကို မုံရွာမြို့နယ်မြေ ရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။
သတင်း - ရန်နိုင်စိုး