Homeသတင်းဓာတ်ပုံ
သမ္မတဟောင်း ဦးသိန်းစိန်က လုပ်ဖော်ကိုင်ဘက်ဟောင်းများကို ညစာစားပွဲဖြင့် ဧည့်ခံ (ဓာတ်ပုံ)
သမ္မတဟောင်း ဦးသိန်းစိန်က လုပ်ဖော်ကိုင်ဘက်ဟောင်းများကို ညစာစားပွဲဖြင့် ဧည့်ခံ (ဓာတ်ပုံ)
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 20, 2017
အငြိမ်းစားသမ္မတဟောင်း ဦးသိန်းစိန်က သူနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဘက်တွေကို မတ်လ ၁၉ ရက် ညပိုင်းက နေပြည်တော်ရှိ Kempinski Hotel ဟိုတယ်မှာ ညစာစားပွဲတွေနဲ့ ဧည့်ခံခဲ့ပါတယ်။
ဧည့်ခံပွဲကို လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး ဦးသိန်းစိန်အစိုးရသက်တမ်းမှာ နိုင်ငံအတွက် လက်တွဲလုပ်ကိုင်ခဲ့တဲ့ အငြိမ်းစားဝန်ကြီးတွေ၊ ဒု-ဝန်ကြီးဟောင်းတွေ စုစုပေါင်း ၇၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံအခြေစိုက် အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနသိပ္ပံက ပေးအပ်တဲ့ ကော်စမိုပေါ်လီတန်ဆုကို ချီးမြှင့်ခံခဲ့ရပြီး ဆုရရှိခဲ့တာဟာ လုပ်ဖော်ကိုင်ဘက်တွေရဲ့ စွမ်းဆောင်မှုကြောင့် ရရှိခဲ့တာဖြစ်တဲ့အတွက် အခုလို ဧည့်ခံတာလို့ သိရပါတယ်။