Live
Home
မြန်မာသတင်း
ဖရဲသီးများဖုံးအုပ်သယ်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းမိ
DVB
·
March 20, 2017
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးမှာ ဖရဲသီးတွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ ငွေကျပ်သန်း ၃၅၀ လောက်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံး ၂ တုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ မတ် ၁၈ ရက်က မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၉၅/၅ မိုင်အနီး တောတွင်းတနေရာမှာ မသင်္ကာဖွယ်ရာ မစ်ဆူဘီရှီဖူဆို ၁၂ ဘီးယာဉ်တစီး ရပ်တန့်ထားတာကို ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှာ ဖရဲသီးတွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ ကျောက်စိမ်းရိုင်းတုံး နှစ်တုံး (၇၀၀၀ ကီလိုဂရမ်) ငွေကျပ်သန်း ၃၅၀ တန်ဖိုးလောက်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးနှစ်တုံး ဖမ်းဆီးရမိခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနက သိရပါတယ်။ တရားမဝင်ကုန်စည်တွေ တားဆီးထိန်းချုပ်ဖို့အတွက် ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းနဲ့ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတွေမှာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေ စစ်ဆေးဆောင်ရွက် နေရာ မတ် ၁၈ ရက်က ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှာ တားဆီးမှု ၆ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀ ဒသမ ၁၃ သန်းခန့်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းမှာ တားဆီးမှု ၆ မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃ ဒသမ ၃၇ သန်းခန့် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024