မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုရသူများကို ထပ်ဆင့်ဂုဏ်ပြု - (သတင်းဓာတ်ပုံ)
DVB
·
March 20, 2017
၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုရရှိသူတွေကို ထပ်ဆင့်ဂုဏ်ပြုတဲ့ အခမ်းအနားကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ MELIA Hotel မှာ မတ်လ ၁၉ ရက်ညက ကျင်းပပါတယ်။
အဲဒီအခမ်းအနားကို ၂၀၁၆ ခုနှစ် အကယ်ဒမီရွှေစင်ရုပ်တုရရှိခဲ့တဲ့ အနုပညာရှင်တွေ အတတ်ပညာရှင်တွေ၊ မတ်လ ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပါဝင် အားဖြည့်ကူညီသူတွေ၊ ပံ့ပိုးကူညီသူတွေကို ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်ပေးတာ ဖြစ်ပါတယ်။