Home
မြန်မာသတင်း
ဥပဒေနှင့်မညီဘဲ နိုင်ငံသားကတ်ထုတ်ပေးနေမှု ရခိုင်ပြည်နယ်အနှံ့ ဆန္ဒပြ
DVB
·
March 19, 2017
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီတွေကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ကိုက်ညီမှုမရှိဘဲ နိုင်ငံသားကတ်ထုတ်ပေးနေတဲ့ အပေါ် ရခိုင်ပြည်နယ်မြို့နယ်အချို့မှာ ဒီကနေ့ မွန်းလွဲပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ တစုံတရာစိစစ်ဆောင်ရွက်ခြင်းမရှိဘဲ ဘင်္ဂါလီတွေကို နိုင်ငံသားကတ် ထုတ်ပေးနေမှုအပေါ် အခုလို စုပေါင်းဆန္ဒထုတ်ဖော်ရတာလို့ ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်ပါဝင်သူ ဦးအောင်ဌေးက ဒီဗွီဘီကိုပြောပါတယ်။ “၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသား ဥပဒေအရ တိကျခိုင်မာမှုမရှိဘဲနဲ့ စိစစ်ဆောင်ရွက်တာမလုပ်ဘဲနဲ့ ဘင်္ဂလီတွေကို နိုင်ငံသားအသိပြုကတ် ထုတ်ပေးလိုက်တယ်။ လောလောဆယ်ကတော့ ဒီ ၂၇ ရက်နေ့ ၂ လပိုင်းကနောက်တော့ ဒေသကထုတ်ပြန်တဲ့ သတင်းအရ ၅၃ ဦးရှိတယ်။ နောက်ပြီး နောက်ထပ်အယောက်၂၀၀ ထုတ်ပေးမယ့် အစီအစဉ်တွေလည်း ရှိတယ်လို့ တိကျခိုင်မာတဲ့ သတင်းရထားပါတယ်။ ဒါတွေက လုံးဝမဖြစ်သင့်ဘူး။ ဒါကြောင့်ကန့်ကွက်ဆန္ဒထုတ်ဖော်တာပါ။” စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်သန်းဝေက “အခုနိုင်ငံသားကတ် ထုတ်ပေးနေမှု ပွင့်လင်းမြင်သာမှုမရှိဘူး။ ဦးဝင်းလွင်ကိုယ်တိုင် နိုင်ငံသား မိဘမဟုတ်တဲ့ ဘင်္ဂါလီတွေကို ကတ်ထုတ်ပေး ခဲ့တယ်။ ဒါကိုတရားလိုလုပ်ပြီးတော့  ကျနော်ကိုယ်တိုင် တရားစွဲဆိုခဲ့တယ်။ ဒါပေမယ့် အရေးမှု တစုံတရာမရှိဘူး။”လို့ပြောပါတယ်။ ဥပဒေချိုးဖောက်သူများအား တရားစွဲဆိုရေး၊ ပြည်နယ်လဝက ဦးဝင်းလွင်ကိုချက်ချင်းဖမ်း၊ တရားမဝင်ထုတ်ပေး ကတ်များကို ပြန်သိမ်းပေး၊ ကတ်လိမ်ရယူထားသူ အရေးယူ၊ နိုင်ငံသားကတ်စိစစ်ရေးကော်မတီတွင် ဒေသခံ ကိုယ်စားလှယ်တွေထည့်ပေးရေး၊ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအတိုင်းစိစစ်ရေး၊ ရခိုင်လူမျိုး တည်တံ့ရေး စတဲ့ကြွေကြော်သံတွေနဲ့ ပိုစတာဗွီနှိုင်း၊ ဆိုင်းဘုတ်တွေကိုင်ပြီး မြို့တွင်း လှည့်လည်ကန့် ကွက်ဆန္ဒဖော်ထုတ်ဖော်ခဲ့ကြပါတယ်။ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့တွေက စစ်တွေမြို့ကိုလာရောက်ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်ခဲ့ကြ သလို ရခိုင်ပြည်နယ်မြို့အချို့မှာလဲ ဒီကနေ့တပြိုင်နက်ဆန္ဒပြခဲ့ကြပါတယ်။ သတင်း၊ဝဏ္ဏခွာညို-ဓာတ်ပုံ-ဒီဗွီဘီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024