ကမ္ဘောဒီးယားနိုင်ငံမှာ မြေမြှုပ်မိုင်းအန္တရာယ် ကြီးမားနေဆဲ
DVB
·
December 28, 2011
ခမာနီသူပုန်၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား စစ်တပ် သုံးခုကြားမှာ ဆယ်စုနှစ်သုံးခုနီးပါး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ခဲ့တဲ့ကာလအတွင်းက ကမ္ဘောဒီးယားတနိုင်ငံလုံးမှာ မြေမြှုပ်မိုင်း ခန့်မှန်းခြေ ၄ သန်းကနေ ၆ သန်းအထိ မြှုပ်ထားခဲ့ပါတယ်။ အခု ကမ္ဘောဒီးယားမှာ ငြိမ်းချမ်းရေး ရရှိနေပေမဲ့၊ မြေမြှုပ်မိုင်းကြောင့် အသေအပျောက်တွေက ဆက်ရှိဆဲပါပဲ။ ၂၀၁၀ ခုနှစ် တနှစ်ထဲမှာတင် မြေမြှုပ်မိုင်းကြောင့် ကမ္ဘောဒီးယား အရပ်သား ၇၁ ယောက် သေဆုံးခဲ့ရပြီး၊ ၂၁၅ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ မိုင်းတွေကို အဓိကအားဖြင့် ကမ္ဘောဒီးယားက ကျေးလက်တွေနဲ့ ဆင်းရဲတဲ့ အနောက်မြောက်ပိုင်း ဒေသတွေမှာ မြုပ်ထားကြတာပါ။ အဲဒီမိုင်းတွေကြောင့် လယ်ယာစိုက်ပျိုးမှုလုပ်ငန်းတွေလည်း အခက်အခဲ ဖြစ်နေတဲ့ အကြောင်းကမ္ဘောဒီးယားနိုင်ငံရဲ့ ကျေးရွာတရွာကနေ သတင်းထောက် ‘ဟီသာ စတီးဝဲလ’် (Heather Stilwell)က သတင်းပေးပို့ထားတာပါ။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။