A d v e r t i s e m e n t With Us

က​မ္ဘောဒီး​ယား​နိုင်ငံမှာ ​မြေမြှုပ်မိုင်း​အန္တရာယ် ကြီး​မား​နေဆဲ

ခမာနီသူပုန်၊​ ဗီယက်နမ်နဲ့​ က​မ္ဘောဒီး​ယား​ စစ်တပ် သုံး​ခုကြား​မှာ ဆယ်စုနှစ်သုံး​ခုနီး​ပါး​ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ခဲ့​တဲ့​ကာလအတွင်း​က က​မ္ဘောဒီး​ယား​တနိုင်ငံလုံး​မှာ ​မြေမြှုပ်မိုင်း​ ခန့်​မှန်း​ခြေ ၄ သန်း​က​နေ ၆ သန်း​အထိ မြှုပ်ထား​ခဲ့​ပါတယ်။ အခု က​မ္ဘောဒီး​ယား​မှာ ငြိမ်း​ချမ်း​ရေး​ ရရှိ​နေ​ပေမဲ့​၊​ ​မြေမြှုပ်မိုင်း​ကြောင့်​ အ​သေအ​ပျောက်​တွေက ဆက်ရှိဆဲပါပဲ။ ၂၀၁၀ ခုနှစ် တနှစ်ထဲမှာတင် ​မြေမြှုပ်မိုင်း​ကြောင့်​ က​မ္ဘောဒီး​ယား​ အရပ်သား​ ၇၁ ​ယောက် ​သေဆုံး​ခဲ့​ရပြီး​၊​ ၂၁၅ ​ယောက် အပြင်း​အထန် ဒဏ်ရာရခဲ့​ပါတယ်။ မိုင်း​တွေကို အဓိကအား​ဖြင့်​ က​မ္ဘောဒီး​ယား​က ​ကျေး​လက်​တွေနဲ့​ ဆင်း​ရဲတဲ့​ အ​နောက်​မြောက်ပိုင်း​ ​ဒေသ​တွေမှာ မြုပ်ထား​ကြတာပါ။ အဲဒီမိုင်း​တွေ​ကြောင့်​ လယ်ယာစိုက်ပျိုး​မှုလုပ်ငန်း​တွေလည်း​ အခက်အခဲ ဖြစ်​နေတဲ့​ အ​ကြောင်း​က​မ္ဘောဒီး​ယား​နိုင်ငံရဲ့​ ​ကျေး​ရွာတရွာက​နေ သတင်း​ထောက် ‘ဟီသာ စတီး​ဝဲလ’် (Heather Stilwell)က သတင်း​ပေး​ပို့​ထား​တာပါ။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up