အရှေ့တီမောမှ ပျောက်ဆုံးသွားသော ကလေးငယ်များ
DVB
·
December 27, 2011
အရှေ့တီမောနိုင်ငံကို ၂၄ နှစ်ကြာ အင်ဒိုနီးရှားသိမ်းပိုက်ထားစဉ်က တီမောက ကလေးငယ် ၄ထောင် နီးပါးကို အင်ဒိုနီးရှားတွေ ခေါ်ယူသွားခဲ့ပါတယ်။ ခေါ်သွားတဲ့သူတွေကတော့ အင်ဒိုနီးရှား စစ်သားတွေ၊ လူမှုရေး အဖွဲ့တွေနဲ့ အရပ်ဘက်မိသားစုတွေ ဖြစ်ပါတယ်။ ကလေးမွေးစားတဲ့ အင်ဒိုနီးရှား မိသားစုတွေက ကလေးတွေကို ပညာသင်ပေးပြီးနောက်၊ သူတို့ မိဘတွေဆီ ပြန်ပို့ပေးမယ်လို့ တီမော မိဘတွေကို ကတိပေးခဲ့ကြပေမဲ့၊ လက်တွေ့မှာ ဘာမှ ဖြစ်မလာပါဘူး။ ‘အလက်စီယာ ကော်ဒိုဗာ ဒါ ဆေးလ်ဗား’ ဆိုတဲ့ တီမောအမျိုးသမီးငယ်ကိုလည်း အင်ဒိုနီးရှားမိသားစုတစုက မွေးစားခဲ့ပြီး၊ အသက် ၁၈ နှစ် ပြည့်ခါနီးမှ သူဟာ အင်ဒိုနီးရှားလူမျိုး မဟုတ်ဘဲ၊ တီမောလူမျိုးဆိုတာကို သိသွားခဲ့ပါတယ်။ ‘အလက်စီယာ’ ရဲ့ ဇာတ်လမ်းကို အရှေ့တီမောက သတင်းထောက် ‘စီထရာ ပရာစ်တူတီ’(Citra Dyah Prastuti) က သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။