လူကာကူ အသင်းတွင် ဆက်နေရေး ကြိုးပမ်းမည်ဟု အဲဗာတန်နည်းပြပြော

တိုက်စစ်မှူး လူကာကူကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့အတွက် အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ အဲဗာတန် အသင်းနည်းပြ ရော်နယ် ကိုးမန်းက ပြောဆိုလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ဟားစီးတီးကို ၄ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ မနေ့က ပွဲမှာ ၂ ဂိုးသွင်းယူထားပါတယ်။ လောလောဆယ်မှာ လူကာကူက အဲဗာတန်နဲ့ စာချုပ်သစ်ချုပ်ဖို့ ပယ်ချထားပါတယ်။ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူဟာ ဒီနှစ်ရာသီမှာ ၂၁ ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နေပါတယ်။ သူဟာ အဲဗာတန် ကစားသမားတွေထဲကနေ ၁၉၈၅၊ ၈၆ နောက်ပိုင်းမှာ  ဂိုးပေါင်း ၂၀ အထိ သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ အဲဗာတန်က လူကာကူကို တပတ် လုပ်ခလစာ ပေါင် ၁ သိန်း ၄ သောင်းပေးပြီး ၅ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားတာပါ။ အဲဗာတန်မှာ ဆက်နေ မနေကတော့ ကာယကံရှင် တိုက်စစ်မှူးကပဲ ဆုံးဖြတ်ချက် ချရမယ်လို့ အဲဗာတန်နည်းပြက ပြောဆိုသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up