Home
မြန်မာသတင်း
မြင်းခြံတွင် ​ရေဆိုးကန်​ဆယ်သည့် အလုပ်​သမား ၂ ဦး ​အောက်​ဆီဂျင်​ ပြတ်​သေဆုံး
DVB
·
March 19, 2017
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ ရေဆိုးကန် ဆယ်ယူရာကနေ  အောက်ဆီဂျင်ပြတ်လပ်ပြီး အလုပ်သမား ၂ ဦးသေဆုံးကာ  ၃ ဦး အရေးပေါ်ဆေးကုသမှုခံယူနေရပါတယ်။ မြင်းခြံမြို့ အမှတ် (၁၉) ရပ်ကွက်မှာ ဖွင့်လှစ်ထားသော Galacy စားသောက်ဆိုင် အလုပ်သမား မောင်သန်းဖြိုးအောင်၊ မောင်သိန်းထိုက်၊ သန်းဇော်မင်း၊ မောင်ထွန်းလင်းအောင်နဲ့ မောင်ပိုင်မိုးတို့ ၅ဦးဟာ မတ် ၁၉ ရက် မနက် ၁ နာရီလောက်က  Galacy စားသောက်ဆိုင် မှ အလျား (၁၀) ပေ အနံ (၆)ပေ အနက် (၇)ပေရှိ စွန့်ပစ်ရေဆိုးကန် အတွင်းရှိရေတွေကို စက်နဲ့စုတ်ယူပြီး  ရေကန်အတွင်း ရွံ့နွံ အနှစ်တို့တွေကို ဆင်းပြီးဆယ်ယူကြတာဖြစ်ပါတယ်။ ရေကန်အတွင်းဆင်းနေစဉ်  အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် အသက်ရှူ မွန်းကြပ်သွားပြီး မောင်သန်းဖြိုးအောင် အသက် (၁၈) နှစ် ၊ မောင်သိန်းထိုက် အသက် (၂၁) နှစ် (ဘ) ဦးခင်မောင်ဌေး တို့ ၂ ဦး နေရာမှာတင် သေဆုံးခဲ့ကြပြီး ကျန် (၃) ဦးကတော့ မြင်းခြံဆေးရုံမှာအရေးပေါ်ဆေးကုသမှု ခံယူနေကြရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Galacy ဆိုင်မန်နေဂျာ ဦးမြင့်စိုးက “ရေဆိုးတွေစက်နဲ့ စုပ်ယူတဲ့ အလုပ်ကို  (၁) လ တခါလောက် လုပ်နေကြပါ။  ခုဟာက ရေကန်ထဲက ရွံ့နွံတွေကို သူတို့က ဆင်းပြီး ဆယ်ယူကြတာဆိုတော့ အောက်ဆီဂျင်ပြတ်လပ်ပြီး အသက်ရှူ ကြပ်သွားတယ်ပဲပြောရမှာပေါ့။ ရေကန်ထဲဆင်းဆယ်တဲ့ မောင်သန်းဖြိုးအောင်နဲ့ မောင်သိန်းထိုက်တို့ကတော့ ဒီမှာပဲ တခါတည်း ဆုံးသွားကြတာပါ။  ကျန်တဲ့ ၃ ယောက်ကိုတော့ ဆေးရုံကို တခါတည်းထဲပို့လိုက်တာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သေဆုံးမှု ဓမ္မတာအတိုင်း ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးဖို့ သေမှု သေခင်းဖွင့်ပြီး  မြင်းခြံမြို့မရဲစခန်းက ဒုရဲမှူးဝင်းနိုင်က အမှုဖွင့် အရေးယူ ဆောင်ရွက်နေပါတယ်။ သတင်း ရီရီထွန်း (မြင်းခြံ )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024